Unicode
"ဂျင် မင်းအခုဘာလုပ်နေတာလဲ!!!"
ဆော့ဂျင် ထိုသူ့ရဲ့မျက်၀န်းနီနီတွေနဲ့ ဆုံတွေ့လိုက်ရတဲ့အခိုက်မှာ သူ့လက်ထဲကဖုန်းကြမ်းပြင်ပေါ်သို့ လွတ်ကျသွားတော့သည်...
"အကို... အကို... ဘာဖြစ်လို့လဲ... hello"
တဖက်မှဂျန်းကုဟာလည်း ရုတ်တရတ်ဖြစ်သွာတဲ့
အခြေအနေကြောင့် စိုးရိမ်စိတ်တွေမြင့်တက်လာတော့သည်..."ဘာဖြစ်လို့လဲ ဂျန်းကု"
ဂျန်းကု လက်ထဲကဖုန်းကတွေတွေကြည့်နေရင်း ပြန်ဖြေလာလေသည်...
"အကိုကို မိသွားပီထင်တယ်"
"ဘာ!!"
"ကျွန်တော် ကမ်နမ်ဂျွန်းအသံကိုကြားလိုက်တယ်"
ယွန်းဂီ အမြန်အိပ်ကပ်ထဲကဖုန်းကိုထုပ်ပီး ဂျီမင့်စီကိုဖုန်းခေါ်လိုက်သည်..
ဂျန်းကုကတော့အခုထိထိုနေရာမှမရွေ့သေးပေ...#Hello မင်#
#ဆော့ဂျင်စီမှာကိစ္စတခုခုဖြစ်နေပီထင်တယ် ဂျီမင်...
ခုနဂျန်းကုနဲ့ဖုန်းပြောတုန်းကသက်သေတွေ့ပီပြောတယ်##တကယ်လား မင်#
#အင်း ဒါပေမဲ့ကမ်နမ်ဂျွန်းရဲ့အသံထွက်လာပီးဆော့ဂျင်ကို
ဆက်သွယ်လို့မရတော့ဘူး ##ကျွန်တော် တချက်သွားကြည့်ပေးမယ် မင် စိတ်မပူနဲ့နော်#
#ဂျီမင် မင်းလဲဂရုစိုက်ဦးနော်#
ထယ်ယောင်း ဂျန်းကုရဲ့ဘေးကိုလာပီး နောက်ကျောကိုအသာပုတ်ပေးလိုက်သည်..ထိုအခါမှဂျန်းကုဟာ သတိ၀င်သူတယောက်လိုလှုပ်ရှားလာတော့သည်..
"ငါ့ကြောင့်ဖြစ်တာ ငါသာအကို့ကိုအဲ့ဒီအိမ်ကိုမပို့ခဲ့ရင်..."
ထယ်ယောင်း ဂျန်းကုကို ပြန်ပီးဖြောင်းဖြပေးရတော့သည်..
"မင်းကြောင့်မဟုတ်ပါဘူး... ပီးတော့သူလည်းဘာမှမဖြစ်လောက်ပါဘူး မစိုးရိမ်ပါနဲ့..."
ဂျန်းကု ဆော့ဂျင်စီကိုဖုန်းတွေထပ်ဆက်သောလည်း ပြန်လည်ဖြေကြားခြင်းမရှိ...
![](https://img.wattpad.com/cover/258525284-288-k167846.jpg)
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...