*12*

1.4K 156 15
                                    

Unicode

သီးသန့်ပြင်ဆင်ထားတဲ့အခန်းနဲ့အတူ ကြီးကြယ်ခမ်းနားလှတဲ့ညစာစားပွဲ... ထိုစားပွဲဝိုင်းမှာထိုင်နေတဲ့သူနှစ်ယောက်ကတော့ ဂျန်းကုနဲ့ထယ်ယောင်း...

"ဟ မင်းပြောတဲ့လူကလဲကြာတာမလာသေးဘူးလား.."

"ခနနေလာမှာပါ သူဒီအခွင့်အရေးကိုလက်လွှတ်မခံပါဘူး"

"ငါကတော့အခုထိ သူ ဟယ်ဆူကိုမသတ်ဘူးဆိုတဲ့ကိစ္စကိုမယုံနိုင်သေးဘူး"

ထယ်ယောင်း တကယ်ပင်မယုံနိုင်သေး.. မယုံနိုင်ဘူးဆိုသည်ထက်မယုံချင်တာ... တကယ်တော့ဟယ်ဆူမဆုံးခင်ကည်းက သူနဲ့ဟိုဆော့ရင်းနှီးခဲ့ခြင်းပင်... ကမ်နမ်ဂျွန်းအကြောင်းတွေသိရဖို့ချဉ်းကပ်တယ်ဆိုပေမဲ့ ဟိုဆော့ကိုသူတကယ်ချစ်သည်... ဟယ်ဆူဆုံးတဲ့ညကဟိုဆော့အိမ်ရှေ့မှာဟိုဆော့ကိုစောင့်နေခဲ့ပေမဲ့ ညနက်တဲ့အထိပြန်မလာပေ... မနက်လင်းခါနီးမှပြန်လာပီးတကိုယ်လုံးမှာလဲ အနီရောင်သွေးများစိုရွှဲနေသည်... သူမေးတော့ခွဲစိတ်မှုတခုကြောင့်လို့ဖြေပေမဲ့ တကယ်‌ေတာ့ထိုနေ့ညကဆေးရုံမှာ ဟိုဆော့ ဂျူတီမရှိပေ.. တကယ်တော့သူလဲ ဒီအမှုကကမ်နမ်ဂျွန်းနဲ့ပတ်သတ်မှန်းသိပါသည်.. ထို့အတူဟိုဆော့နှင့်လဲပတ်သတ်နေလိမ့်မယ်.. သူဟိုဆော့အပေါ်သံသယမ၀င်ချင်ပေ.. ဒါကြောင့်လဲ အခုလက်ရှိတရားခံကိုသာ တရားခံအစစ်ဖြစ်ပါစေလို့ဆုတောင်းနေမိသည်...

တံခါးဖွင့်သံနဲ့အတူ အနက်ရောင်၀တ်စုံပြည့်၀တ်ဆင်ထားတဲ့လူငယ်တစ်ဦး...

"မင်းရောက်လာပီပဲ.."

ဂျန်းကုရဲ့စကားသံအဆုံးထယ်ယောင်းကြည့်လိုက်တော့..

"ခင်များက....??!!"
.
.
.
.
.
.
.
နမ်ဂျွန်း၏ဒေါသသည် သာမန်လေပြေညင်းအဆင့်မှ မုန်တိုင်းအဆင့်သို့ရောက်ရှိခဲ့ပေပီ.. တအိမ်လုံးရှိသမျှပစ္စည်းတွေအကုန်ကိုက်ခွဲထားပီး အိမ်မှာရှိသမျှ အလုပ်သမားအကုန်လုံးကိုလဲနှင်ထုတ်ပစ်သည်.. အခုဆိုရင် တအိမ်လုံးတွင် သူနဲ့ဆော့ဂျင်နှစ်ဦးသာကျန်ရှိတော့သည်..

ဆော့ဂျင် အိပ်ပျော်အောင်ကြိုးစားပေမဲ့ ဆာလောင်နေတဲ့ဗိုက်ကြောင့်အိပ်မပျော်ပေ.. ဆော့ဂျင်မီဖိုခန်းထဲဆင်းလာပီ စားဖို့တခုခုတော့လာရှာတော့ မီးဖိုပေါ်မှာ အိုးတလုံးနဲ့အလုပ်ရှုပ်နေတဲ့ကမ်နမ်ဂျွန်း.. မီးဖိုခန်းတခုလုံးလဲ မီးခိုးငွေ့များမွှန်ထူနေလေသည်...

Only you (Complete)Where stories live. Discover now