Unicode
"ဟူး.. အခုမှပဲ လွတ်လွတ်လပ်လပ်ရှိတော့တယ်"
ဆော့ဂျင်တယောက် toiletထဲမှာ သက်တောင့်သက်သာ အ၀တ်အစားတချို့လဲပီး ရေစိုစပြုနေတဲ့ ရှေ့ဆံပင်လေးကိုအသာသပ်တင်လိုက်သည်..
'ကမ်ဆော့ဂျင်... ကမ်ဆော့ဂျင်.. မင်းကအမြဲတမ်းချောနေတာပဲ... ချောလွန်းလို့ငါမင်းကိုဘလိုလုပ်ရမလဲ.. ဒါကြောင့်လဲ ဒီလိုတွေချောနေလို့ပဲဟိုလူကြီးကငါ့ကိုကြွေနေတာဖြစ်မယ်..'
ဆော့ဂျင် မှန်ထဲကကုိယ့်ကိုကိုယ်ကြည့်ရင်း ပြုံးလိုက်သည်.. တကယ်ပဲကမ်ဆော့ဂျင်ဆိုသူက တလောကလုံးမှာရှိသမျှအလှတရားတွေစုစည်းထားသလိုပင်..
အလှဆုံး အချောဆုံးဆိုတဲ့ဂုဏ်ပုဒ်တွေက ကမ်ဆော့ဂျင်ဆိုသူအတွက်သီးသန့်ဖြစ်တည်လာသလားထင်ရမလောက်ပင်... ဆော့ဂျင်လုပ်စရာရှိတာတွေအကုန်လက်စသပ်ပီး အပြင်ကိုထွက်တဲ့အခါမှာလူတယောက်နဲ့တိုက်မိပီး ဆော့ဂျင်လဲကျသွားသည်..."အ !!!"
ဆော့ဂျင် အလွန်ပင်ဒေါသထွက်သွားသည်..
"ဘလိုလူလဲ.. လူတယောက်လုံးကိုမမြင်ဘူးလား.. ကန်းနေတာလား.."
ဟိုဘက်ကလူကတော့တခြားသူတော့မဟုတ် ကမ်ထယ်ယောင်းပင်.. ထယ်ယောင်းကလဲ ဆော့ဂျင်ကိုအနိုင်မခံပြန်ခွန်းတုံ့ပြန်လေသည်..
"မင်းကရော ကန်းနေလို့လား.. ငါတယောက်တည်းမမြင်လို့တိုက်မိတာမှမဟုတ်တာ.. မင်းကိုယ်တိုင်ကဘာတွေစဉ်းစားပီးလမ်းလျှောက်လာလဲမှာမသိတာ.."
"ခင်များ..!!"ဆော့ဂျင် စိတ်ကိုအမြန်ထိန်းလိုက်ရသည်.. ဆော့ဂျင်ကိုယ့်ဘာသာထရပ်လိုက်ပီး ထယ်ယောင်းကိုပုခုံးကိုအားနဲ့တိုက်ချပစ်လိုက်သည်...
"အ! မင်းဘာလုပ်တာလဲ.."
ဆော့ဂျင်ခနဲ့သလိုပြောလိုက်ပီး..
"ခင်များမြင်ရင်ရှောင်ပေါ့... မရှောင်နိုင်လို့ခံရတာတော့ ကျွန်တော်လည်းမတတ်နိုင်ဘူး.."
"မင်း!!"အဲ့အချိန် ဆော့ဂျင်နဲ့ထယောင်းရှိတဲ့နေရာကိုနောက်ထပ်လူတယောက်ထပ်ရောက်လာတယ်..
"ထယ်ယောင်း မင်းtoiletသွားတာကြာလိုက်တာကွာ"
ထယ်ယောင်းကတော့ အားကိုးရတဲ့အပြုံးနဲ့ ဂျန်းကုစီကိုအမြန်ပြေးသွားလိုက်တယ်..
![](https://img.wattpad.com/cover/258525284-288-k167846.jpg)
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...