Unicode
"ကမ်ထယ်ယောင်း ကလေးကိုသေချာပွေ့ထားလေ"
ဟိုဆော့ရဲ့အသံကြောင့် ဆော့ဂျင်နိုးလာခဲ့သည်...
ဘေးမှာအိပ်ပျော်နေတဲ့ထိုလူသားကတော့ အေးချမ်းလိုက်တာ..
သူ့မှာတော့လှုပ်တောင်မလှုပ်ရဲ...
ခါးတလျှောက်နာကျင်မှုတွေက မနေ့ညကအချစ်စမ်းသည်ကိုပြန်ပီးအမှတ်ရစေလေသည်..."ဟိတ် အကို ကိုယ့်ကိုဘာလို့အဲ့လောက်စိုက်ကြည့်နေရတာလဲ"
အတွေးတွေထဲနှစ်နေတုန်း လှဲအိပ်နေတဲ့ထိုလူသားဟာ မျက်လုံးဖွင့်ပီးမေးလာလေသည်...
"ချစ်စရာကောင်းလို့"
"အကို ကလည်းချစ်စရာကောင်းတယ်
ကျွန်တော့ကိုmorning kissလေးပေးပါဦး"ဆော့ဂျင် ဂျန်းကုရဲ့အနည်းငယ်ရှည်နေတဲ့ ဆံပင်ကောက်ကော်လေးတွေကိုအသာလိပ်တင်ပေးလိုက်ပီး သူ့အလိုကျနှုတ်ခမ်းပါးပေါ်မှာ အနမ်းချွေလိုက်လေသည်...
အနမ်းတွေကိုဆက်ရင်း နယ်ကျွံလာတဲ့သူ့လက်ကို ဆော့ဂျင်အမြန်ပဲဟန့်တားလိုက်ရသည်.."ကောင်လေး ကိုယ်က30ပြည့်တော့မှာ
မင်းလိုအမြဲဖျတ်လတ်သွက်လတ်နေတဲ့ လူငယ်လေးမဟုတ်တော့ဘူး"ရီရင်းပြောလာတဲ့ ဆော့ဂျင်စကားကို ဂျန်းကုကသူ့အနမ်းတွေနဲ့ပြန်လည်ပိတ်ဆို့လိုက်လေသည်...
"အကိုကမအိုသေးပါဘူး
အခုထိနုပျိုနေတုန်းပဲ""အပိုတွေ"
"မပိုပါဘူးလိုတောင်လိုသေးတယ်
အကိုကအရမ်းနုနေလို့ ကျွန်တော့မှာစိတ်မချဖြစ်နေရတာအကိုသိရဲ့လား"ဆော့ဂျင် ဂျန်းကုရဲ့အပိုစကားလုံးလှလှလေးတွေကိုနားထောင်ရင်း ရီလိုက်မိသော်လည်း နာကျင်မှုကြောင့် မျက်နှာအတော်ပင်ပျက်သွားလေသည်...
"အကိုထတော့မှာလား"
"အင်း ဟိုမိသားစုသုံးယောက်ကမနက်စာတောင်စားပီးပီထင်တယ်"
ဟိုဆော့တို့မိသားစုကိုပြောလိုက်ခြင်းဖြစ်ပေသည်..
ဟိုတော့နဲ့ထယ်ယောင်းလက်ထပ်ပီးမကြာခင်ပဲ အရမ်းချစ်စရာကောင်းတဲ့သားသားလေးတယောက် မွေးဖွားလာလေသည်...
ယွန်းဂီနဲ့ဂျီမင်ကတော့ အခုထိမေရရာေသးေသာ အဆင့်မှာသာရှိသေးလေသည်..
ဂျီမင့်အတွက် တယောက်သောသူ၏သေဆုံးမှုဟာ အတော်ပင်ထိခိုက်စရာဖြစ်ခဲ့လေသည်...
အခုအားလုံး စိတ်ပြေလက်ပျောက်အနေနဲ့ ကမ်းခြေက ဂျန်းကုပိုင်တဲ့အပန်းဖြေစံအိမ်တော်မှာ လာနေကြခြင်းပင်...
သူ(ဆော့ဂျင်)နဲ့ဂျန်းကုရဲ့အခြေအနေကရော ဘာထူးခြားမှုရှိပါသလဲ..?
အိပ်ရာဘေးကစားပွဲခုံပေါ်မှာတင်ထားတဲ့ အဖြူရောင်သတို့သား၀တ်စုံနဲ့ ကောင်လေးနှစ်ယောက်နဲ့ဓာတ်ပုံ..
သူတို့နှစ်ယောက်လုံးလက်မှာစွပ်ထားတဲ့ ငွေရောင်လက်စွပ်လေးတို့ကိုကြည့်ခြင်းဖြင့် ခန့်မှန်းသိနိုင်ပါသည်..
.
.
.
.
.
.
.
.
"ဒီနှစ်ယောက်အခုမှထလာကြတာလား"
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...