Unicode
တိတ်ဆိတ်နေတဲ့ဧည့်ခန်းထဲမှာနမ်ဂျွန်းတယောက်တည်းထိုင်ရင်းစဉ်းစားနေမိတယ်....
'ဘာလို့များ ငါချစ်တဲ့အရာတွေ သဘောကျတဲ့အရာတွေက ငါ့အနားကနေထွက်သွားချင်နေရတာလဲ..'
*Ring Ring*
နမ်ဂျွန်း ဖုန်းကိုင်လိုက်တယ်...
"ပြော"
".........."
"သူက မင်ယွန်းဂီအိမ်ကိုရောက်နေပီပေါ့.."
"........."
"ဒီညတော့ထားလိုက်တော့... မနက်ဖြန်မနက်ကျမှ ငါကိုယ်တိုင်သွားခေါ်မယ်"
"........."ဖုန်းချလိုက်ပီး နမ်ဂျွန်းတချက်ပြုံးလိုက်မိတယ်...
'ကမ်ဆော့ဂျင် မင်းငါ့လက်ကလွတ်အောင်မပြေးနိုင်ပါဘူး..'
.
.
.
.
.
.
ဂျန်းကုတယောက် မနက်ကတွေ့ခဲ့တဲ့ ထိုသူရဲ့မျက်နှာလေးကိုခနခနတွေးမိနေတယ်.. တွေးမိတိုင်းပဲပျော်နေမိသလို.. အဲဒီတွေးမိတဲ့အချိန်ခဏလေးမှာလဲ အမုန်းတရားတွေကိုမေ့ထားနိုင်ခဲ့တယ်..."ဂျက်.."
"ဟုတ်ကဲ့..boss"ဘေးမှာရပ်နေတဲ့ ဂျက်ဆိုသူကအရံသင့်ဖြေလိုက်တယ်..
"ငါ့ကိုလူတယောက်အကြောင်းစုံစမ်းပေး.."
"ဟုတ်ကဲ့.. ဒါပေမဲ့သူ့ရဲ့ဓာတ်ပုံလိုအပ်ပါတယ်"
"ငါသူ့ရဲ့ပုံတူပန်းချီဆွဲပေးမယ်... အဆင်ပြေတယ်မလား?"
"ဟုတ်ကဲ့"'ကိုယ်မင်းအကြောင်းတွေကို အခုထက်ပိုပီးသိချင်မိတယ်'
ဂျန်းကုပြုံးလိုက်ရင်း လက်ထဲကစီးကရက်ကို မီးညှိလိုက်တယ်.. အခန်းထဲမှာ ပြန့်လွင့်နေတဲ့စီးကရက်ငွေ့တွေဟာ အမြင်အာရုံအချို့ကိုဝေဝါးလာစေခဲ့တယ်...
.
.
.
.
.
.
"ယွန်းဂီ နိုးလာပီလား.."
"အွန်း"မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ဆော့ဂျင်က အိပ်ချင်မူးတူးဖြစ်နေတဲ့ယွန်းဂီကိုမေးလိုက်တယ်..
"မနက်စာ မင်းချက်တာလား.."
"အင်း.. ဟုတ်တယ်လေ"
"အဒေါ်ကြီးရော?"
"ငါ အနားယူခိုင်းထားတယ်.. မင်းကငါ့ကိုကူညီထားတာဆိုတော့ပြန်ပီးကျေးဇူးဆပ်ချင်လို့လေ.."ရယ်ကျဲကျဲပြောနေတဲ့ဆော့ဂျင်ကို ယွန်းဂီမသုန်မမှုန်စိုက်ကြည့်လိုက်တယ်..
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...