ဒီနေ့လေးကတော့ ချစ်စရာကြည်နူးစရာတွေနဲ့ပြည့်နှက်နေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ စနေ၊တနင်္ဂနွေ ပိတ်ရက်လေးပဲဖြစ်ပါတယ်....
တစ်ပတ်လုံးအလုပ်တွေပိပြီး ပင်ပန်းခဲ့တဲ့ ကောင်လေးနှစ်ယောက်ကတော့ အချစ်မွှေ့ယာထက်ဝယ် တစ်ယောက်ကို တစ်ယောက်တင်းကျပ်စွာ ပွေ့ဖက်ထားရင်း အိပ်စက်နေကြသည်....
အချိန်အားဖြင့် မနက်၁၀နာရီထိုးနေပြီ....
ပုံမှန်ဆိုအလုပ်ချိန်၉နာရီမို့ စောစောထရပေမဲ့ အခုလိုပိတ်ရက်မျိုးတော့ သူတို့နှစ်ဉီးစလုံး စောစောမထဖြစ်ကြ...
Gulfတစ်ယောက် နွေးထွေးသောရင်ခွင်ကျယ်ကြီးကနေ နိုးထလာလေသည်....
သူနိုးနိုးခြင်း သူ့ခင်ပွန်ဖြစ်သူMewအား ရင်ခွင်ထက်မှ တစိမ့်စိမ့်ကြည့်နေမိသည်....
ပိုင်ဆိုင်ချင်တဲ့သူကို ပိုင်ဆိုင်ခွင့်ရတဲ့ ခံစားချက်
အဲဒီခံစားချက်က ဘာနဲ့မှမလဲနိုင်ဘူး....မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်လိုက်တဲ့အချိန်
ကိုယ့်ချစ်တဲ့သူရဲ့ ရင်ခွင်ထက်ကနေ နိုးထခွင့်ရတယ်ဆိုတာ ဒါဘယ်လောက်တောင်မှ ကောင်းတဲ့အရာလဲ....အရင်တချိန်ဝေးခဲ့ရတုန်းက လွမ်းဆွတ်ရတဲ့ခံစားချက် ဒီလူကိုပိုင်ဆိုင်ရပါ့မလားဆိုတဲ့ ကြောက်စိတ်နဲ့ရှင်သန်ရတဲ့ ခံစားချက်နဲ့လားလားမျှမသက်ဆိုင်တော့....
အခုဆိုကျွန်တော်ကို ဖက်အိပ်နေတဲ့ Mewဆိုတဲ့ ဒီလူသားက ငါ့အတွက်မွေးဖွားလာခဲ့တာပါလား ဒီလိုတည်ကြည်ခံညားတဲ့သူရဲ့ အိမ်ထောင်ဖက်ဖြစ်ခွင့်ရတဲ့သူကငါပါလား ဒီလိုဂုဏ်ယူစိတ်လေးတွေနဲ့ အမြဲနိုးထခဲ့တာ အခုဆိုအိမ်ထောင်သက်တမ်း ၁နှစ်တင်းတင်းပြည့်တော့မယ်....
ဒီလူသားနဲ့ ပတ်သက်ပြီး ရင်ခုန်သံကအစ ဘာဆိုဘာမှမပြောင်လဲသေး မငြီးငွေ့သေး ပြောင်းလဲသွားတာဆိုလို့ တစ်နေ့တစ်နေ့ပိုပိုတိုးတိုးလာတဲ့ ချစ်တဲ့စိတ်ပဲရှိတယ်....
Gulfလည်း ဒီနေ့မှအရင်နိုးနေတာကြောင့် နှစ်ခြိုက်စွာ အိပ်စက်နေတဲ့ Mewကိုငေးမောနေမိတာ အတော်အကြာ နာရီကြည့်မှ အချိန်လင့်နေတာကြောင့် နိုးရလေသည်....
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
FanfictionZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...