Part-38(Z+U)

1.3K 125 27
                                    

Mewနဲ့War တို့နှစ်ယောက်သား အခန်းအပြင်သို့ ထွက်လာလိုက်ကြတယ်....

War:"Mew....နင်UKမှာတုန်းက အားတိုင်းတနေတဲ့ နင့်ရဲ့ အချစ်ကလေးက ခုဏကအတွင်းရေးမှူးလေးလား"

Mew:"ဟုတ်တယ်....နင်ဘယ်လို သိတာလဲ"အံဩစွာ ဆိုလိုက်လေတယ်...

War:"အမယ်လေးဟယ်....ငါမသိစရာလား နင်သူ့ကိုကြည့်နေတဲ့ အကြည့်ကလေ အချစ်ရည်ကိုလဲ့နေတာပဲ"

Mew:"ဟီး...ဟီး"
Mewလဲ နည်းနည်းရှက်သွားတာနဲ့ သူလုပ်နေကြပုံစံ အတိုင်း လည်ပင်းလေးကို လက်နဲ့ပွတ်နေလိုက်တယ်....

War:"ရှက်မနေ.....နင်တို့ ဘယ်တော့ယူမှာလဲ....
မြန်မြန်ယူကြတော့နော် မဟုတ်ရင်နင့်ကြောင့် ငါလင်မရဘဲနေလိမ့်မယ် ငါကိုလာကမ်းလှမ်းတဲ့ ကောင်လေးတွေကို ငါ့အဖေက စေ့စပ်ထားတယ်ဆိုပြီး ငြင်းပြစ်နေတာ နင်သိရဲ့လား...😭"

Mew:"အေးပါ...ငါသိပါတယ် ငါတို့ကိုဘွဲ့ရပြီးထဲက လက်ထပ်စေချင်တာကို နင်အင်တင်တင်လုပ်ပေးထားလို့ ဒီလောက်ထိခံနေတာ"

War:"ငါလဲ အစကအပြတ်ငြင်းမယ်လို့ စဉ်းစားပါသေးတယ် ဒါပေမဲ့ ငါငြင်းလဲ နင့်အဖေက တခြားတစ်ယောက်ရှာမှာပဲလေ အဲတစ်ယောက်က နင့်ကို အခုလက်ထပ်ချင်တယ်ဆိုမှ ဒုက္ခ....အဲကြရင် နင့်အဖေက ကြိုးတုတ်ပြီးအတင်းပေးစားမှာ555"

Mew:"မရယ်ပါနဲ့ဟာ....အဖေနဲ့က ငါအခြေအတင် ဖြစ်နေတာ ၆နှစ်ရှိပြီ အခုထိသူက ငါတို့်ကိုခွဲဖို့ အကြံထုတ်နေတုန်း"

War:"နင့်အဖေသဘောမတူလဲ ငါကတော့သဘောတူတယ်...နင်တို့ခိုးပြေးကြမလား ငါကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့ပေးမှာ..ဟဲဟဲ"

Mew:"သဘောတူတာခဏထား အခုcompanyကို ငါ့မန်နေဂျာချုပ်လိုက်ပြလိမ့်မယ်...ငါတော့ လိုက်မပြနိုင်ဘူး ငါ့အချစ်ကလေးကို အဖေ့ဆီမှာ တစ်ယောက်ထဲ ထားခဲ့ရတာ"

War:"ရပါတယ်ဟယ် ငါလဲငါ့သားလေးကို စိတ်မချပါဘူး တော်ကြာ နင့်အဖေက ကလေးစိတ်ထိခိုက်အောင် တစ်ခုခုပြောလိုက်မှာ ကြောက်ရတယ်"

Mew:"ဘယ်တုန်းက နင့်သားဖြစ်သွားတာလဲ..."

War:"ဒီလောက်ချစ်စရာကောင်းတာ ငါ့သားလေးလို မချစ်ပဲနေမလား နင်ကလေးကို ညင်သာပါနော်..."

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now