Part-48(Z+U)

1.1K 114 13
                                    

At No's Bar,

ရုံးဆင်းချိန်ရောက်တော့ လူစုံတက်စုံBar သို့လာကြလေပြီ....

အလုပ်ကိုယ်စီဖြစ်နေတာကြောင့် လူစုံဖို့ဆိုတာ တော်တော်နှင့်မလွယ်ပေ ဒါပေမဲ့ မစုံဖြစ်ရင်တောင် သွေးမအေးသွားတတ်သော သူငယ်ချင်းတွေဖြစ်ကြလေတယ်....

Warက Mew,Champ,Lhong,Fiatတို့နှင့်
အတန်းတူခဲ့ရာမှ အထက်တန်းနောက်ဆုံးနှစ် မတိုင်မှီUKထွက်သွားခဲ့လေတယ်....

Noလဲ သီးသန့်သူငယ်ချင်းတွေ စကားပြောလို့ရအောင် VIPခန်းကိုသာ စီစဉ် ထားလိုက်လေတယ်...

Warတစ်ယောက် အခန်းထဲဝင်လာ ချိန်တွင်တော့
လူတော်တ်ာပင်စုံနေလေပြီ...

Mew❤Gulfအတွဲက ပူးကပ်စွာထိုင်နေလေတယ်....
Fiat❤Pufaiတို့အတွဲ၊ Champ❤Noတို့အတွဲ
နဲ့ Lhong❤Mayတို့ အတွဲတို့လဲ ကိုယ်စီနေရာယူကာ ထိုင်နေကြလေပြီ...

Gulfနဲ့Fiatကြား နေရာလွတ်မှာ War၀င်ထိုင်
လိုက်လေတယ်....အတွဲတွေစုံပေမဲ့ သူရှာနေတဲ့လူကတော့ ရောက်မလာသေးပေ....

"War...မတွေ့တာကြာပြီ ငါ့သူငယ်ချင်းကြီး"

"Fiat...စာဂျပိုးကောင် မတွေ့တာကြာပြီ...ဒါနဲ့ နင်ငါ့ကိုကြိုက်နေသေးလား အဲလိုဆိုSorryပဲနော်"
Warစနောက်ကာ Fiatကို ဆေးထိုးလိုက်လေတယ်...

"Phi Fiat...😤"
Pufaiတစ်ယောက်ကတော့ နှုတ်ခမ်းကိုကိုက်ကာ ခါးထောက်လျက်  စိတ်ကောက်လေပြီ...

"War....နင်မဟုတ်တာ လျှောက်ပြောမနေနဲ့.....
fai စိတ်မကောက်နဲ့နော် သူလျှောက်ပြောနေတာ ကိုယ်လား သူ့လိုရုပ်ဆိုးမကို ကြိုက်မှာ..."

"ဟဲ့...ဟဲ့...နင့်ချော့ချင် တခြားနည်းနဲ့ချော့ ငါ့ဒီလောက်ချောတာကို ရုပ်ဆိုးတယ်ဆိုပြီး ယုတ်တိမရှိတာမပြောနဲ့..."
Warတစ်ယောက် ပြောရင်းဆိုရင်း လက်မောင်းကို
အားပြင်းပြင်းနဲ့ရိုက်ချလိုက်လေတယ်...

"Arr...မိWar...ငါ့ကိုဘာလို့လာရိုက်တာလဲ မိန်းကလေးဖြစ်ပြီး ကြမ်းတမ်းလိုက်တာ နင်အဲတာကြောင့်ရည်စားမရတာ...
faiကြည့် ကိုယ်ကသူ့လိုလူမျိုးကို
ကြိုက်စရာလား...."

"Pufaiရေ အမကနောက်တာနော်....တကယ် ငပွေငရှုပ်က Lhong😁"

Fiatကိုပြီးတော့ Lhongဘက်လှည့်သွား လေတယ်....
"War...ဘာငပွေငရှုပ်လဲ...နင်နော် ငါ့ရည်စားစိတ်ဆိုးရင် နင်အသေပဲ..."

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now