Rated scene ⚠ ⚠
At Mew's home,
Mewအိမ်ထဲသို့ လေးလံသောခြေလှမ်းများဖြင့်သာ
ဝင်ရောက်လာတော့သည် အချိန်အားဖြင့်၁၂နာရီ ထိုးနေပြီ.....မီးမဖွင့်ထားသောကြောင့် တစ်အိမ်လုံးမှောင်မဲနေပေမဲ့ မီးဖွင့်ချင်စိတ်လဲ သူ့မှာမရှိခဲ့ ခေါင်းငိုက်စိုက်အနေအထားဖြင့်သာ ခြေလှမ်းများက အိပ်ခန်းထဲသို့သာ ဦးတည်စွာဝင်ရောက်သွားတော့သည်....
အခန်းတံခါးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က...
နဂိုကတည်းက မီးမဖွင့်ထားလဲ အနုမြူကြယ်လေးတွေကြောင့် အလင်းရောင်နဲ့ ကောင်းကင်ကြီးလို ဖြစ်နေတတ်သော အခန်းကိုမှ.....
ပူဖောင်းရောင်စုံလေးတွေ အခန်းအပြည့်ချိတ်ဆွဲ ထားလေတယ်....
ပူဖောင်းလေးတွေနဲ့အတူ ဓာတ်ပုံလေးတွေကိုလဲ ကြိုးလေးများဖြင့် တွဲလွဲဆွဲထားလေတယ်....ဓာတ်ပုံအများစုက သူ့တစ်ယောက်ထဲပုံတွေ ဖြစ်ပြီး
အလုပ်လုပ်နေတုန်း ရိုက်ခံထားတဲ့ပုံများ...... Gulfနဲ့အတူအပြင်သွားတုန်းက သူမသိအောင်ရိုက်ခံ ထားရသောပုံများ Gulfနဲ့နှစ်ယောက်တွဲပုံလေးများကို ချိတ်ဆွဲထားခြင်း ဖြစ်တယ်......အခန်းရဲ့နံရံမှာ"Happy Birthday"ဆိုပြီး စာတမ်းလေးကို ကြယ်ပုံစံမီးလုံးလေးများဖြင့် ပုံဖော်ထားလေတယ်....
Mewလဲ သူ့အခန်းပြောင်းလဲ နေမှုကို အံ့ဩစွာငေး
ကြည့်နေရင်းမှ...."Surprise!...Happy Birthday ကိုကို"
အခန်းထောင့်လေးမှထွက်လာသော သူ၏ချစ်ရသူလေး....
Mew...Gulfကိုမြင်မှ အနီးအနားသို့ လျင်မြန်စွာသွားရင်း ဆွဲဖက်လိုက်လေတယ်...
"Gulfလေး...ကိုကိုက Gulfကို ဆုံရှုံးရပြီထင်နေတာ အဟင့်..."Mew....Gulfကို တင်းကျပ်စွာဖက်ထားရင် ပုခုံလေးပေါ် မျက်နှာအပ်ထားကာ တုန်ရီစွာငိုနေတော့လေတယ်....
Gulfတစ်ယောက်လဲ ပုခုံပေါ် ပူနွေးနွေးစိုစွတ်မှုနဲ့
အတူ တုန်ရီနေသောခန္ဓာကိုယ်ကြောင့် ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိ....
"ကိုကိုက ဘာလို့ကျွန်တော့်ကို ဆုံးရှုံရမှာလဲ...Gulf
က ဘာမှမှမဖြစ်တာ"
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
FanficZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...