Part-31(Z+U)

1.4K 130 22
                                    

At Bar,

Mew လဲအစကတော့ 💛Memories💛ဆိုင်ရဲ့ အဝေးဆုံးနေရာကို မောင်းထွက်ခဲ့ပေမဲ့ Gulfအကြောင်းသေချာသိဖို့လိုတာကြောင့် Noရဲ့bar ဆီသာသွားလိုက်တော့သည်...

Noတစ်ယောက်လဲ ဆိုင်မှာ အလုပ်ရှုပ်နေစဉ် လူတစ်ယောက်ဝင်လာတာ တွေ့လိုက်....

အဖြူရောင် suiteကို အထက်အောက် သေသပ်စွာ ၀တ်ဆင်ထားပြီး နေကာမျက်မှန်နဲ့ မိမိုက်နေတဲ့ လူတစ်ယောက်.....သူကPhi Mewနဲ့ တူလိုက်တာ..Noကြောင်ကြည့်နေလိုက်တယ်..

Mew:"No...မင်း ကိုယ့်အစ်ကို ကိုတောင် မမှတ်မိတော့ဘူးလား"

No:"ဟင်....ဒါတကယ် Phi Mewပါ လား"
Noတစ်ယောက် ပါးစပ်အဟောင်းသားနဲ့ Mew
နားပြေးသွားကာ မျက်နှာများကို ကိုင်ကြည့်ရင်း မယုံနိုင်ဖြစ်နေလေတယ်.....

Mew:"ဟုတ်တယ်....Mew Suppasit အစစ်ပါဗျ"

No:"Phi..ကလည်းဗျာ ကျွန်တော်တို့ကို အဆက်အသွယ်လေးဘာလေး မလုပ်ဘူး......"

Mew:"အဲအကြောင်းနောက်မှ ရှင်းပြမယ်....အခု Gulfအကြောင်းမေချင်လို့.....သူကလေးရသွားတာ လား မိန်းမများရသွားတာလား"
Mewမျက်နှာကတော့ မိုးကြိုးအစင်း၁၀၀လောက် ပစ်ခံထားရတဲ့လူတစ်ယောက် ပမာ...

No:"ဟား....Phi ရယ်Gulfလား မိန်းမရမှာ သူကအဲလောက်အဖစ်ရှိမယ့် သူလား"
Noတစ်ယောက်ကတော့ အူတက်နေပါပြီ...

Mew:"အဲဒါဆို ဒီနေ့💛Memories💛ဆိုင်မှာ တွေ့ခဲ့တဲ့ကောင်မလေးကို ဘာလို့သမီးလေး လို့ခေါ်တာလဲ"

No:"အော်...Phi Mewပြောတာ Gulfအမ Phi Graceရဲ့ သမီးလေးPanဖြစ်မယ် Gulfက သူ့တူမလေးကို သဲသဲလှုပ်ချစ်ပြီး သမီးလေးဆိုပြီး ပါးစပ်ဖျားကကို မချဘူး"

*သေလိုက်ပါတော့ Mewရယ် တူမကို သမီးထင်ရတယ်လို့ မင်းနဲနဲတော့ စဉ်းစားသင့်တာပေါ့
အခုတော့ Gulfလေးနဲ့တောင် သေချာမတွေ့လိုက်ရဘူး*

Mew:"သူက သူ့တူမကို အရမ်းချစ်တာပဲလား"

No:"Gulfက ကလေးချစ်တတ်တော့ ပိုပြီးသဲသဲလှုပ် ပါပဲPhiရေ"

*ဘာလို့ သဲသဲလှုပ်ချစ်ရတာလဲ မနာလိုလိုက်တာ ငါတော့ ကလေးလောက်တောင် အချစ်ခံရပါ့မလား
Panလေးကိုတော့ အားကျတယ်ကွာ*

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now