Gulf:"Phi Mew rollercoaster 🎢 အရင်စီးရအောင်"
Gulfတစ်ယောက်ကတော့ Mewလက်ကိုဆွဲကာ rollercoasterရှိရာနေရာသို့ ပြေးသွားတော့သည်။
Mewက အမြင့်ကြောက်တာကြောင့် မစီးရဲပေမဲ့လဲ Gulfကိုလဲ မငြင်းရက်ပေ အဲဒါနဲ့ဘဲ ခေါ်ဆောင်ရာနောက်ကို လိုက်ခဲ့ရသည်။
Gulf:"Wow...ဘယ်လောက်တောင် မိုက်လိုက်လဲ တစ်တွဲလုံးမှာ ၂ယောက်ထဲစီးရမှာ...."
Mew:"အင်း....အင်းနော်"
စမထွက်ခင်ထဲက စကားတောင်သိပ်မပြောနိုင်တော့ပေ....Rollercosterစထွက်ရော.....
Gulf:"ရေး.....၀ိုး......ပျော်စရာကြီး....Phi လဲအော်လေ"Mew:"....."Mewကတော့ မျက်လုံးကိုသာမှိတ်ထားမိတယ် ကြောက်လွန်းလို့ အသံတောင်မထွက်နိုင်ပေ....
A few minute later,
Gulf:"ဟာ.....ပြီးသွားပြီလား ခဏလေးဘဲရှိသေးတယ် Phi Mewထပ်စီးရအောင်နော်"Mewကတော့ ပြီးသွားလို့ စိတ်အေးနေတုန်းရှိသေး ထပ်စီးရအောင်ဆိုတော့ ခေါင်းတောင်ပူသွားတယ်...
Mew:"ဟိုလေ....တခြားဟာတွေ စီးဖို့အချိန်မရှိဘဲနေလိမ့်မယ် မစီးနဲ့တော့နော်"Gulf:"အဲဒါလဲ ဟုတ်သားဘဲ.....ဟီးဟီး အဲဒါဆို တခြားဟာ သွားစီးကြစို့"တခြားနေရာသို့ ပြေးသွားလေသည်။
Mewကတော့ ကြောက်ဒူးတုန်နေတာကြောင့် မတ်တပ်တောင်ကောင်းကောင်း မရပ်နိုင်ဘဲ ယိုင်နဲ့နဲ့ဖြင့် ပြေးသွားသော ကောင်လေးနောက်သို့ လိုက်ရလေသည်။
Gulfပြေးသွားသည့် နေရာကတော့ ပင်လယ်ဓားပြ ရှိရာဆီသို...
Mewတစ်ယောက်ကတော့ တံတွေးမြိုချရင်း အားတင်းထားနေရတယ်...
ပင်လယ်ဓားပြ စထွက်ရော...
Gulf:"P'Mew....အော်လေ....တိတ်နေပြန်ပြီ အခုချိန်က အော်လို့ အကောင်းဆုံးအချိန်ဘဲ"Mewကတော့ ဘာမှမပြောဘဲ မျက်လုံးသာ စွတ်မှိတ်ထားလေသည်....
*ဟင်...P'Mew ကြောက်နေတာလား....တကယ်ဘဲ ကြောက်နေတာထင်တယ် အသံတောင် မထွက်နိုင်ဘူး*
Gulfလည်း Mewလက်ကို ဆုပ်ကိုင်လိုက်တော့ အေးစက်နေတာကို ခံစားလိုက်ရတယ်...
Gulf:"Phi Mewကြောက်နေတာလား..... ကျွန်တော်ကို ကြည့်ပါဦး....အရမ်းကြောက်နေရင် အကျယ်ကြီးအော်ချကြည့် သက်သာသွားလိမ့်မယ်"
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
FanfictionZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...