"ကိုကိုUKရုံးခွဲကို မနက်ဖြန်ချက်ချင်း
သွားရလိမ့်မယ်""မနက်ဖြန် ချက်ချင်းကြီးသွားရမှာလား"
"ဟုတ်တယ် ပြင်သစ်နဲ့ ကိုကိုတို့company
နဲ့ချုပ်ထားတဲ့ စာချုပ်မှာပြသနာ နည်းနည်းဖြစ်နေလို့ ကိုကိုသွားမှရမယ်""ဘယ်လောက်ကြာမှာလဲဟင်...."
"၁ပတ်လောက်တော့ ကြာလိမ့်မယ်..."
"ကိုကိုခဏနော် လေယာဉ်လက်မှတ်စီစဉ်ပေးမယ်"
"မလိုဘူး ဟိုကစီစဉ်ပေးပြီးပြီ မနက်ဖြန်၁၀နာရီ လေယာဉ်နဲ့သွားရမှာ အချစ်ကလေးသိလား ကိုကိုလေ ၁ပတ်လောက်ခွဲရမှာမို့ ၀မ်းနည်းနေတာ"
Mewတစ်ယောက် Gulfလေးကို ရင်ခွင်ထဲ တင်းကျပ်စွာ ဖက်ရင်းဆိုလိုက်တယ်....Gulfလည်း နည်းနည်းတောင်ဘယ်ခွဲချင်
ပါ့မလဲ ဒါပေမဲ့လဲ သွားရတဲ့သူကို စိတ်မဖြောင့်အောင်
စိတ်မကောင်းဖြစ်ပြနေလို့မဖြစ်ပေ....*ဒါပေမဲ့ ကိုကိုနဲ့ ခွဲရတဲ့ခံစားချက်ကြီးကို တော့မုန်းတာအမှန်ပေ*
"အလုပ်ကိစ္စပဲ ၀မ်းနည်းနေလို့ ဘယ်ရပါ့မလဲ.....ဒါပေမဲ့ အကြာကြီးတော့ မနေရဘူးနော် ၁ပတ်ကျော်ရင်တော့ စိတ်ဆိုးမှာ"
"အင်းပါ....ကိုကိုလဲ အကြာကြီးမနေနိုင်ပါဘူး ဟောဒီက အချစ်ကလေးနဲ့မခွဲနိုင်ဘူး"
"ကျွန်တော်ကရော ခွဲနိုင်တယ်ထင်လို့လား....
လိုက်ခဲ့ချင်ပေမဲ့ကိုကိုမရှိရင် ဒီမှာလုပ်ရမယ့်အလုပ်တွေများတယ်လေ""အခုပဲ၁နာရီရှိနေပြီ ရုံးဆင်းတာက၅နာရီ ဆိုတော့
ကိုကိုတို့အတူရှိမယ့်အချိန်က ၄နာရီပဲ ရှိတော့တယ်🙁"Mewကတော့ မျက်နှာကလေးညိုးကျနေပြီးတော့ အလိုမကျပုံ.....
"ကိုကိုကလည်း ၄နာရီမှမဟုတ်တာ မနက်ဖြန်အတွက်ပြင်ဆင်စရာရှိတဲ့ စာရွက်စာတမ်း
တွေပြင်ဆင်ဖို့ဆို ကိုကို၇နာရီလောက်မှ ရုံးဆင်းရမှာပေါ့....အဲအချိန်ထိမပြန်ပဲစောင့်ပေးမယ်နော်""ဒီလိုလုပ်ပါလား ကိုကို့အိမ်လိုက်အိပ်ပါလားဟင် မေမေ့ကို ကိုကိုပြောပေးမယ်လေ....၁ပတ်တောင် မတွေ့ရမှာ ကိုကိုမသွားခင်လေးတော့ မင်းနဲ့ပဲ အချိန်တွေ ကုန်းဆုံးချင်တယ်....လိုက်အိပ်ပါနော်"
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
FanfictionZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...