GulfလဲMewနဲ့ အခြေအတင်ဖြစ်ခဲ့တာကိုတွေးရင်း တစ်ယောက်ထဲ အိမ်ပြန်လာမိတယ် အိမ်ရှေ့လဲရောက်ရော.....
Pendaအရုပ်ကြီး အကြီးကြီးပဲ လူတစ်ယောက်မထားတယ် မျက်နှာတော့မမြင်ရ.....(အရုပ်နဲ့ ကွယ်ထားခြင်းကြောင့်ပါ)
Gulfကတော့ Mewအထင်နဲ့ပျော်သွားလေတယ် သူကို့ပြန်လာချော့သည် အထင်နဲ့ပေါ့....
Gulfအရုပ်အနားရောက်ရော....
"Happy Birthday Gulf"အရုပ်နောက်မှ ပေါ်လာသူကတော့....Lhongနဲ့ Champ
(အရုပ်ကကြီးတာကြောင့် ၂ယောက်လုံးနောက်
မှာ ပုန်းနေလို့ရတာပါ)Gulf:"ကျေးဇူး....ဒါက"ပြုံးလျက်မေးလိုက်တယ်။
Champ:"Mewပို့ခိုင်းလိုက်တာ....သူဘာလုပ်နေ လဲတော့ အကိုတို့လဲ မသိဘူး"
Lhong:"ဒါပေမဲ့ မင်းမွေးနေ့ကိုတော့ သူမှတ်မိနေပါသေးတယ်"
Champ:"ရော့....ဒါက Mewမှာလိုက်တယ် ၀င်ခွင့်စာမေးပွဲပြီးမှ ဖွင့်ကြည့်ပါတဲ့....အခုမဖွင့်ဖို့ သေချာမှာလိုက်တယ်"
Lhong:"အကိုတို့ပြန်ပြီနော်....Bye"
Gulfလဲ ကမ်းပေးတဲ့ ဘူးလေးကိုယူပြီးကြည့်လိုက်တော့....
အဖြူရောင် လေးထောင့်ဘူးလေး အပေါ်မှာ ဖဲပြားအနီရောင်လေးနဲ့ တန်ဆာဆင်ထားတယ် ရိုးရှင်းပြီး တစ်မျိုးလေးဆွဲဆောင်နေတယ် ဘူးပေါ်မှာကပ်ထားတဲ့ စာလေးက
'Happy Birthday Gulf
မွေးနေ့မှာပျော်ရွှင်ပါစေ ဖွင့်မကြည့်နဲ့ဦးနော်'Gulfတစ်ယောက်ကတော့ စာဖတ်ကြည့်ပြီး ပြုံးသွားတယ် သူမွေးနေ့က မနက်ဖြန်မှဆိုပေမဲ့ ကြိုပြီးSurprise လုပ်လိမ့်မယ်လို့ မထင်ထားဘူး
သူမွေးနေ့ကို မှတ်မိနေတယ်ဆိုတာနဲ့တင် အရမ်းတွေပျော်နေခဲပါ့ပြီ.....*မနက်ဖြန်ရောက်ချင်နေပြီ Phi Mewကို တွေ့ချင်လှပြီ*အိပ်ယာထဲမှာ လက်ဆောင်ရတဲ့အရုပ်ကြီးကို ဖက်ပြီး တစ်ယောက်ထဲအော်နေတဲ့ Gulfပါလေ....
At School....
No:"ဒီနေ့ မင်းမွေးနေ့ဆိုတော့ ဘာကျွေးမှာလဲ"
Gulf:"မင်းကလည်း ငတ်ဖို့ပဲသိတယ်"
No:"မင်းနော်.... မကျွေးချင်ဘူးပေါ့ သူငယ်ချင်းအချင်းချင်းကို လုပ်ရက်တယ်"
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
FanficZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...