ခေါင်းမှ တဆစ်ဆစ်ကိုက်ခဲနေမှုနှင့်အတူ မျက်လုံးလေးကို အားပြုရင်း အသာအယာဖွင့်ကာ Gulfတစ်ယောက်နိုးထလာလေတော့သည်....
မျက်လုံးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က ရင်ဘတ်ပြင်ကျယ်ကြီး....
ရင်ဘတ်ပိုင်ရှင်အား ရင်ခွင်ထဲမှနေ၍မော့ကြည့် လိုက်တော့....
*ကိုကို....ကျစ် ဒီလူကြီး ရင်ခွင်ထဲ ငါကဘာလို့ အိပ်နေမိတာလဲ...*
Gulfလဲတင်းကျပ်စွာ ဖက်ခံထားရသော လူကြီး၏လက်များကိုဖယ်ကာ ခေါင်းတဆစ်ဆစ်ကိုက် နေမှုကြောင့် ခေါင်းကိုလက်တစ်ဖက်ဖြင့် ဖိကာထလိုက်ရသည်....
Mewတစ်ယောက်ကတော့ အိပ်ကောင်းတုန်းပေ...
*ဟင်....ငါကသူ့အခန်းထဲ ဘယ်လိုလုပ်ရောက်နေတာလဲ...အား...မနေ့က
တော်တော်သောက်လိုက်တယ် ထင်တယ် ခေါင်းကလဲကိုက်လိုက်တာ...*Gulfသူ့ကိုယ်သူ ငုံ့ကြည့်လိုက်တော့ အပြာနုရောင် ည၀တ်အင်္ကျီလေးကိုဝတ်ဆင်ထားလေတယ်.....ကိုယ့်
အင်္ကျီsizeမဟုတ်တာကြောင့် အနည်းငယ် ပွယောင်းယောင်း......
အိပ်နေသော လူကြီးနှင့်ဆင်တူပင်။*စဉ်းစားစမ်း....ငါမနေ့ညက Pufaiတို့နဲ့ အတူရှိနေခဲ့တာပါ ပြီးတော့ငါဘယ်လို....*
"အားးး....မသိတော့ဘူးကွာ..."
Gulfအခုသိတာ ဘေးနားက လူကြီးကို ဒေါသထွက်တာ တစ်ခုပင်....
ဘေးနားတွင်အိပ်နေသော CEOကြီးအား
ခေါင်းအုံးဖြင့် အဆက်မပြတ်ထုလေတယ်...
"အင်းဟာ.....အင်းဟာ"Mewလဲ ထိုအခါမှနိုးလာကာ ချက်ချင်းထထိုင် လိုက်ပြီး...
"Gulfလေး....ဘာဖြစ်လို့လဲ"ဟု ပြာပြာသလဲ မေးရှာတယ်..."ဘာဖြစ်လို့လဲ ဟုတ်လား.....ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ"
"ကိုကို့....အိမ်လေ Gulfပဲ လိုက်ချင်တယ်ဆိုလို့ ခေါ်လာတာလဲ"
"ဘယ်သူကလိုက်ချင်တယ်ပြောလို့လဲ...."
"မနေ့ကလေ ငမူးလေးတစ်ယောက်ပေါ့ ကိုကို့ အိမ်ကိုလိုက်ချင်ပါတယ် အိမ်မပြန်ချင်ဘူးဆိုပြီပြောလို့ ခေါ်လာရတာလေ"
"မနေ့ကမူးတာ ဘယ်သူ့ကြောင့်လဲ ကိုကို့ကြောင့်လေ...."
"ဟုတ်ပါတယ်...ကိုကိုကြောင့်ပါ"
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
FanfictionZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...