အချိန်တွေလဲ တရွေ့ရွေ့ပြောင်းလဲလာခဲ့တယ် အခုဆိုရင် Gulfရဲ့စားမေးပွဲနောက်ဆုံးနေ့ ကိုရောက်ရှိလာခဲ့ပြီ။
Gulfဒီနေ့ပျော်ပါတယ် ၁နှစ်လုံးကြိုးစားခဲ့တဲ့ စာမေးပွဲလဲပြီးသွားပြီဆိုတော့....
Fiat: "၀င်ခွင့်စာမေးပွဲလဲ ပြီးသွားပြီဆိုတော့..... ဘာလုပ်ချင်လဲGulf အကိုတို့ရုပ်ရှင် သွားကြည့်ကြမလား"
Gulf: "မကြည့်ချင်သေးဘူး.....နောက်နေ့မှ လိုက်ပြလေ...အခုအပြည့်အ၀ကြီး အိပ်ပစ်လိုက်ချင်လို့"ပြုံးလျက်ပြန်ဖြေလိုက်တယ်။
Fiat: "အင်းပါ.....ဖြေနိုင်တယ်မဟုတ်လား"
Gulf: "လုံးဝကိုဖြေနိုင်ခဲ့တယ်.....သင်္ချာကတော့ အဖြေနိုင်ဆုံးပဲ ကျေးဇူးပဲPhi Fiat..."
Fiat: "ဘာအတွက်လဲ...."
Gulf: "အားလုံးအတွက်ပါ.....အထူးသဖြင့် Phiပေးတဲ့ သင်္ချာမှတ်စုစာအုပ်ကြောင့် ကျွန်တော်ညံ့တာတောင် တော်တော်ဖြေနိုင်ခဲ့တယ်"
Fiat: "ကျေးဇူးတင်ဖို့မလိုပါဘူး.....ဒါနဲ့ ဖွင့်ကြည့်ပြီးပြီလားMewပေးတဲ့ လက်ဆောင်ဘူးကို"
Gulf: "ဟင့်အင်း.....ဖွင့်ကြည့်ဖို့လဲလိုမယ်မထင်ပါဘူး သူမှအနားမှာမရှိတော့တာ"ချက်ချင်းမျက်နှာလေး ညိုးကျသွားလေတယ်.....
Fiat: "အကိုသူ့ကိုဂတိပေးထားတယ် မင်းကိုဖွင့်ကြည့်ဖို့ သတိပေးရမယ်လို့လေ"
Gulfနားမလည်သောအကြည့်ဖြင့် Fiatအားကြည့်လိုက်တယ်.....
Flash back.......
ပုလင်းလှည့်ကစားပြီး Mewgulfတို့၂ယောက် ကစားကွင်းငယ်လေးဆီသွားရင်း ကြယ်ကြွေဆုတောင်းခဲ့တဲ့ညဆီသို့.........
(အဲနေ့ကိုမှတ်မိကြရဲ့လား part-22ကပါ)Mewတစ်ယောက် Gulfကိုအိမ်ပြန်ပို့ပြီးအပြန်
Fiatနဲ့ဆုံခဲ့တယ်.....Fiat: "Mewငါတို့သောက်ရအောင်ကွာ..."
Mew: "Okလေ..."
ဒီလိုနဲ့ နီးစပ်ရာ စတိုးဆိုင်က ဘီယာဘူးဝယ်ပြီး ကစားကွင်းက ခုံတန်းလေးဆီ တစ်ဖန်ပြန်သွား လိုက်ကြတယ်......
(လူသွားလူလားနဲပြီး သာယာတဲ့နေရာဖြစ်တာ ကြောင့်ပါ)Fiat: "မင်းပုလင်းလှည့်ကစားနည်း ကစားတုန်းက ပြောခဲ့တယ်နော် မင်းသဘောကျတဲ့သူ ငါတို့ထဲမှာရှိ တယ်ဆိုတာ.......အဲဒါGulfမဟုတ်လား"
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
FanfictionZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...