နောက်တစ်နေ့ ရောက်ရော Gulfက Mewကို ကျောင်းဆင်းချိန်မှာ ကျောင်းအားကစားကွင်းကို ချိန်းလိုက်တယ်။
Gulfလေးအရင်ရောက်နှင့်နေတယ် စည်းတစ်ခုတားလိုက်ကာ Mewကိုစောင့်နေလိုက်တယ် ခဏကြာတော့....
"ငါ့ကိုဘာလို့ချိန်းတာလဲ ဒီနေရာကို"
"Phi Mew ကျွန်တော်နဲ့ ပြိုင်ရအောင်၊ နိုင်တဲ့သူခိုင်းတာလုပ်ပေးကြေး"
"ငါက ဘာလို့ပြိုင်ရမှာလဲ"
"ဒီကစားကွင်းကို ၃ပတ်ပြေးမယ် အရင်၃ပတ်ပြည့်လို့ ဒီစည်းကို အရင်ရောက်တဲ့သူအနိုင်"Gulf ပြောလဲပြော စပြီးပြေးပါတော့တယ်။
(ကျောင်းကစားကွင်းက မီတာ၄၀၀ရှိတဲ့ ကစားကွင်းပါ အလယ်မှာဘောလုံးကွင်းရှိပြီး ဘေးကပတ်လမ်းကတော့ အပြေးပြိုင်ရင်သုံးပါတယ်)Mewကတော့ ပြေးနေတဲ့gulfကို ကြည့်ရင်း
လိုက် မပြေးဘဲရယ်ရင်းသာ ကြည့်နေတယ်။
*ဒီကောင်းလေး ဒီနေ့မှ အထူးအဆန်းပါလား*Gulfလေး ပြေးရင်းတစ်ပတ်ပြည့်တော့ Mewရှိတဲ့ နေရာပြန်ရောက်တယ် Mewကတော့ မပြေးဘဲရပ်ကြည့်နေစဲပါ။
Gulfပြေးရင်နဲ့ ချော်လဲသွားတယ်
"အား..."Mewကတော့ gulfဆက်မပြေးလောက် တော့ဘူးအထင်နဲ့...."Gulfဆက်မပြေးနဲ့တော့"Mewပြောပေမဲ့
ဲ့ gulfကတော့ ပြန်ထပြီး ဆက်ပြေးခဲ့တယ်။ဒီလိုနဲ့၃ပတ်ပြည့်ခါးနီးရော အရမ်းတွေမောနေပြီး Mewရပ်နေတဲ့ စည်းနားရောက်ခါနီးမှာ ထပ်ပြီးချော်လဲကျ သွားပါတယ်။
"အားးးးးးး"gulfလဲ ဒူးပွန်းသွားပြီး လက်လဲနဲနဲနာသွားတယ်။Mewလဲgulfရှိရာကို အပြေးလာပြီးထူပါတယ်
gulfကတော့ စည်းနားမရောက်ရောက်အောင် အတင်းသွားရှာတယ် Mewလာထူတဲ့အထိ မစောင့်ပဲ ကိုယ့်ဘာသာထကာ.."ရပ်စမ်းသေချင်လို့လား" gulfကိုဆွဲလိုက်ပြီးပြောလိုက်တယ်။
(Mewက gulf မောနေတာကို မကြည့်ရက်လို့ အသံခပ်မာမာဖြင့်ပြောလိုက်တယ်။)Gulfကတော့ Mewပြောတာ ဂရုမစိုက် ဆွဲထားတဲ့လက်ကို ဖယ်ကာစည်းကိုရောက်ဖို့သာ အမြန်သွားလေရာ Mewလဲ ပြောမရတဲ့အဆုံး gulfနောက်ကို ပြန်လိုက်ခဲ့ရတယ်...
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
FanfictionZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...