ဒီနေ့ဟာ ပထမနှစ်ဝက်ဖြေတဲ့ စာမေးပွဲနောက်ဆုံးနေ့ ဖြစ်တယ် Mewလည်း ထုံးစံအတိုင်း Gulfကို အိမ်ပြန်လိုက်ပို့ဖြစ်တယ်...
Gulfတို့ အိမ်ရောက်ခါနီး ကစားကွင်းကို အဖြတ်
လူ၆ရောက်လောက်ရှိမယ် base ballတုတ် ကိုယ်စီနဲ့ ရပ်နေကြတယ်...Mewလဲ ဘယ်သူတွေလဲလို့ ကြည့်လိုက်မှ သူနဲ့ရန်ဖြစ်နေကြ Minအဖွဲ့ဖြစ်နေမှန်း သိလောက်တယ်....
"Ai Mew ငါတို့တစ်ပွဲတစ်လမ်းလောက် နွှဲရအောင်၊
မင်းနဲ့ရန်မဖြစ်တာကြာတော့ လက်ယားနေပြီ""တော်စမ်းပါကွာ..ငါမင်းတို့နဲ့ ရန်မဖြစ်ချင်ဘူး"
"ဘာလဲ ဟိုနှစ်ကောင်မပါလို့ ကြောက်ဒူးတုန်တာလား"
"ငါမကြောက်တတ်တာ..မင်းတို့အသိပါ မင်းတို့ဘယ်တုန်းကများ ငါ့ကိုနိုင်ဖူးလို့လဲ"
"အော်...မင်းက မင်းကောင်လေးပါလို့ ရန်မဖြစ်ချင်တာလား"တစ်ဖက်အဖွဲ့ခေါင်းဆောင် Minက gulfနားကိုတိုးလာပြီး ပြောလိုက်တယ်။
"Ai Min မဆိုင်တာတွေ မပြောနဲ့....ကိုယ်လမ်းကိုယ်သွား"Mew လဲ gulfလက်ကို ဆွဲကာသူတို့အဖွဲ့ကို အဖြတ်...
"မင်းကောင်လေးက ချစ်စရာလေးပဲဆိုပြီး"Gulfရဲ့ ပါးကိုလမ်းကိုင်ကာ ရိသဲ့သဲ့ပြောလာတယ်...
Mewလဲ ဒေါသအရမ်းထွက်ကာ သည်းခံသည့်အတိုင်းအတာ ကုန်ပြီဖြစ်တာကြောင့်
Gulfပါးကို လှမ်းကိုင်တဲ့ Minကို ဆောင့်ကန့်လိုက်တယ်။"Gulfကိုယ့်နောက်မှာပဲနေ"Mewပြောလိုက်ရင်း
ဟိုကောင်တွေကို ပြန်တိုက်ခိုက်ရန် ပြင်လိုက်တယ်။Gulfတစ်ယောက်ကတော့ ရန်ဖြစ်တာတွေ့ရင် အရမ်းကြောက်တတ်တဲ့သူဖြစ်တဲ့အလျောက် အသက်ရှူမြန်လာကာ တုန်တုန်ယင်ယင်နဲ့ဖြစ်နေတယ်။
ကျန်တဲ့ကောင်တွေလဲ Mewဘက်က စပြီးချသည်နဲ့ စတင်တိုက်ခိုက်ကြတော့သည်....
Mewအတော်လေးပင်ပန်းလာပြီ....ဟိုဘက်က၆ယောက်တစ်ယောက်ဖြစ်တာက တစ်ကြောင်း..Gulfလေးကို ကာကွယ်ရင်းပြန်ချနေရတာကတစ်ကြောင်း...လက်နက်မပါဘဲ ပြန်တိုက်ခိုက်နေရတာက တစ်ကြောင်းကြောင့် Mewအတော်လေးအထိနာလာတယ်။
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
Fiksi PenggemarZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...