ရုပ်ရှင်ကြည့်ပြီးတော့ ရုပ်ရှင်ရုံကနေပြန်အထွက် gulfလေးက နဲနဲပဲကြည့်လိုက်ပြီး တချိန်လုံးmewရင်ခွင်ထဲနေတာတောင် ပြန်ထွက်တာ ဒူးတုန်နေတုန်းပဲ။
"Phi ကျွန်တော်ပြန်တော့မယ် အခုပြန်ရင်Tutoဖြေဖို့မှီသေးတယ်"
"ဘာလို့ပြန်မှာလဲ စကိတ်ကွင်းသွားအုန်းမှာ၊ လိုက်ခဲ့ရမယ်အထွတ်မတက်နဲ့"
"ဘာ..ကျွန်တော်မှ စကိတ်မစီးတတ်တာ"
Gulfငြင်းလဲ ဘယ်တုန်းကရဘူးလို့လဲ အခုလဲ စကိတ်ကွင်းကိုပါလာတာပဲ။
*Phi mewက စကိတ်စီးတာအကျွမ်းသား ဒီလူကြီးစာကလွဲရင် အကုန်လုပ်တာတော်တယ်*
(တကယ်က lhongရော champရော စကိတ်စီးတာတော်ပါတယ်၊ ကလေးက သူ့လူသူပဲ ကွက်မြင်နေတာ)Gulfလေးကတော့ စီးလိုက်ချော်လဲလိုက်နဲ့ တော်တော် အထိနာနေတဲ့
အဆုံး မောလို့ထောင့်ကပ်ကာ နားနေလိုက်တယ်။Mewကတော့ တခြားစကိတ်လာစီးတဲ့ ကောင်မလေးတွေနဲ့ သာယာနေတယ်။
*ဟွန့်...မပြောချင်ဘူး၊ငါမစီးတတ်တာကျတော့ သင်ပေးမယ်မရှိဘူး၊ တွေ့ကရကောင်မလေးတွေနဲ့ကျတော့ မစီးတတ်လို့ လက်ကိုင်ပြီးသင်ပေးရတာနဲ့ ထိန်းပေးရတာနဲ့ သာယာနေတယ်*gulfတွေးမဆုံးသေးဘူး mewသူအနား ရောက်ချလာကာ။
"မင်းစီးတတ်နေပြီလား.."
Gulfလဲ အားကျမခံ"ဒါများအလွယ်လေးပါ"ဆိုပြီး စီးပြလိုက်ပါတယ် တခါထဲ ချော်လဲတော့တာပဲ။Mewလဲ ချော်လဲတော့ မှပြာပြာသလဲ
"မင်း..အဆင်ပြေရဲ့လား"Gulfက စကတ်စီးရင်း ချော်လဲတာဆိုတော့ ဖင်ထိုင်ရက်လေးကျတာပါ။ သူဖင်လေးနဲနဲနာ သွားရုံကလွဲရင် ဘာမှမဖြစ်တာကြောင့်
"ဟုတ်..အဆင်ပြေပါတယ်"ဒီလူ ငါ့ကိုစိတ်ပူလို့မေးတာများလား။"အဆင်ပြေရင်..ငါ့အတွက်spriteသွားဝယ်ခဲ့"စပ်ဖြီးဖြီးမျက်နထားတဲ့ ခိုင်းလေရဲ့။
*Gulfလဲ ငါများစိတ်ပူလို့မေးသလားမှတ်တယ် သူကခိုင်းစရာရှိလို့မေးတာကို ဆူပုတ်ပုတ်နဲ့ ပါးစပ်ကလဲ ပွစိပွစိပြောရင်း သွားဝယ်ရတယ်၊ ဒီကြားထဲ ဖင်လေးနာသွားလို့ ပွတ်ရသေးတယ်။*
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
FanficZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...