ပထမနှစ်ဝက်ပြီးလို့ ကျောင်းပိတ်ရက်ရှည်ကို Gulf
တစ်ယောက်မပျော်ရွှင်နိုင်ပေ ပုံမှန်ဆိုရင် ကျောင်းပိတ်ရက်ကိုသေအာင်ကြိုက်တဲ့ gulfတစ်ယောက် ဒီနှစ်ကျောင်းပိတ်ရက်ဟာ သူ့အတွက်
အလွန်ရှည်ကြာလွန်းတယ်လို့ ခံစားနေရရှာတယ်။ကျောင်းစပိတ်ကတည်းက ဒီနေ့နဲ့ဆို Phi Mewနဲ့ မတွေ့တာ ၁ပတ်တိတိရှိခဲ့ပြီ နောက်ဆုံးတွေ့တဲ့နေ့ကလဲ phiက ဒဏ်ရာတွေနဲ့ ဆိုတော့
gulfတစ်ယောက် အရမ်းစိတ်ပူခဲ့ရတယ် phi fiatက သူ့ကိုယ်တိုင်ဆေးခန်းပို့ပေးပါ့မယ် ဆိုလို့သာ အိမ်ထဲဝင်ခဲ့ရတာ ဒါတောင်အခုထိ စိတ်မချနိုင်သေးပေ။Gulf အမှန်တိုင်းဝန်ခံရရင်
ဒီလို မတွေ့ရတဲ့ရက်တွေမှာ သူphi Mewကိုအရမ်းသတိရနေခဲ့တယ် ဒါကိုလွမ်းတယ်လို့ အမည်တပ်မယ်ဆိုလဲတယ်နိုင်တယ် ဟုတ်တယ် သူphi Mewကိုအရမ်းလွမ်းနေခဲ့တယ် ဒီတစ်ခေါက် ကျောင်းပိတ်ရက်ကြီးက အဆိုးဆုံးပြောရရင် ငရဲလိုပဲ။
ငရဲလိုပဲလို့ပြောတော့ အပိုပြောတယ်လို့ ခင်ဗျားတို့ ပြောချင်ကြတယ်မလား.....မီးလျှံတေ၊ ဆီကြော်ဒယ်အိုးပူတွေနဲ့ အပူတပြင်းလောင်မြိုက်နေတဲ့ နေရာမှငရဲမဟုတ်ဘူးဗျ....
ကိုယ်တွေ့ချင်တဲ့လူကို မတွေ့ရဘဲ...ရင်ထဲမှာလောင်မြိုက်နေတာလဲငရဲပဲ..
*ဟူး.....ကျောင်းရယ်အမြန်ဖွင့်ပါတော့၊ ဒီမှာလွမ်းလို့သေတော့မယ်*
*ငါကသာဒီလိုလွမ်းနေရတာ ဟိုလူကြီးကတော့ ငါ့ကို
ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ကိုထင်မှာ မဟုတ်ဘူး**Gulfလေးအကြံထုတ်စမ်း ဒီကျောင်းပိတ်ရက်အတွင်း ငါကိုယ်ငါ ပြုပြင်ရမယ်၊ အချောမောဆုံးဖြစ်အောင်ပေါ့ ဒါမှပြိုင်ဘက်တွေနဲ့ယှဉ်ရင် ကိုယ်ကသာမှာပေါ့...ဟဲဟဲ*
*ဟုတ်ပြီငါplanချရမယ်...phiပြောတာက သူကချစ်ဖို့ကောင်းတဲ့လူမျိုးကို ကြိုက်တာတဲ့....*
*ဒါကတော့ စိုးရိမ်စရာမရှိဘူး ဘာလို့ဆို ငါကမွေးကတည်းက ချစ်ဖို့ကောင်းပြီးသားလေ....*
Gulfတစ်ယောက်ထဲ အတွေးများချိန်မှာတော့ Kanaလေးက ကုတင်ပေါ်မှာ ရှိတဲ့ ခေါင်အုံးတွေကို ကိုက်ဆွဲပြီး ဆော့နေရှာတယ်....
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
FanficZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...