Part-12(Z+U)

1.2K 127 2
                                    

"Ai Lhong နဲ့ Ai Champ မြန်မြန်လုပ်ကြ ကျောင်းနောက်ကျနေပြီ"

"အထူးအဆန်းပါလား Mewရ၊ အရင်နေ့ကဆို မင်းနောက်ဆုံးမှပြီးတာ"Champက တအံ့တဩပြောလာတယ်။

"ဟုတ်ပါ့ အခုတော့ ကျောင်းဝတ်စုံတောင်လဲ ပြီးပြီ၊ ဒီနေ့ဝတ်ထားတာလဲ သပ်ရပ်လှပါလား"Lhongကတော့ ထူးဆန်းသလို Mewကို ကြည့်ပြီးပြောလေရဲ့။

သူတို့ထူးဆန်းနေတာလဲ မပြောနဲ့ Mewကပုံမှန်ဆို ကျောင်းဝတ်စုံအောက်မှာ အင်္ကျီတစ်ထပ်အမြဲပါတယ် ပြီးတော့ ကြယ်စိကို အမြဲတမ်းဖြုတ်ထားတယ်၊ နားတစ်ဖက်မှာလဲ နားကပ်နဲ့၊ အခုတော့ ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ကာ သန့်ပြန့်နေရောပဲ။

"ကဲပါ မြန်မြန်လာ သွားမယ်"
ဒီလိုနဲ့ကျောင်းရောက်လာကြတယ်။

Gulfလဲ အခန်းထဲဝင်လာတဲ့ Mewကိုမြင်တော့..
*phi mewဒီနေ့ တော်တော်သပ်ရပ်နေတယ် အရင်နေ့တွေက uniformကို မသပ်မရပ်ဝတ်တာတောင် ကောင်မလေးတွေ ဒီလောက်ဝိုင်းနေတာ၊ အခုဆို ဘယ်လိုနေမယ်မသိ*

"ဟေ့ကောင်Gulf"Noက ပုခုံးကို ပုတ်လိုက်တော့မှ gulfလဲ တွေးနေတာရပ်လောက်တော့တယ်။

"ဘာလဲကွာ"စိတ်မရှည်တဲ့လေသံနဲ့ ဖြေလိုက်တယ်။
"မင်းလဲနော် phi mewကို မမြင်ဘူးတဲ့လူအတိုင်းပဲ ငေးနေလိုက်တာ မျက်လုံးကြီးလဲ ကျွတ်ထွက်ကုန်အုန်းမယ်"

"ဘောကိုငေးရမှာလား"တိုးတိုးလေးပြန်ဖြေလိုက်တယ် phi mewက အနားရောက်လာပြီလေ။

ဒီနေ့တော့ Mewလဲ စာလိုက်လုပ်ဖြစ်တယ် အရင်လို အိပ်မနေတော့ပဲ Lhongနဲ့ Champ လဲ သူစာလုပ်ဆိုတော့ လုပ်ရှာတယ်။ အဲတာကြောင့်လဲ အတော်ခင်နေရတာ ကိုယ်ဘာလုပ်လုပ် အမြဲလိုက်လုပ်ပေးနေတဲ့ သူငယ်ငယ်ချင်းတွေမို့လေ။

ဒီလိုနဲ့ နေ့လည်ထမင်းစားချိန်ရောက်ခဲ့တယ်...
"Gulfနေ့လည် ထမင်းစားချိန်ပြီးရင် တစ်ချိန်အားတာ မင်းဘာလုပ်မှာလဲ"

"စာကြည့်တိုက်သွားမလို့ ဆရာမပေးတဲ့ အိမ်စာအတွက်လေ"

"အေး..ငါကတော့ ဘောလုံးကန်မလို့၊ အဲတာဆို ငါသွားပြီနော်"

GulfလဲNoကိုနှုတ်ဆက်ပြီးစာကြည့်တိုက်ထဲလာခဲ့တယ် လိုတဲ့စာအုပ်ကိုရှာအပြီး လူရှင်းတဲ့စာကြည့်တိုက် ထောင့်ကျတဲ့ ဘင်ကိုသွားလိုက်တယ် သူတွေ့လိုက်ရတာက...

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now