Part-34(Z+U)

1.2K 132 24
                                    

Gulfတစ်ယောက် အိမ်ထဲရောက်တော့...

G'mom:"သားပြန်လာတာ နောက်ကျလိုက်တာ ၁၁တောင်ခွဲတော့မယ်"

Gulf:"သားသူငယ်ချင်း နိုင်ငံခြားကပြန်လာလို့ တွေ့နေတာနဲ့ ကြာသွားတာ....သားနားချင်လို့ အပေါ်တက်တော့ မယ်နော်"

G'mom:"စောစောအိပ်နော်.....မနက်ဖြန်အလုပ်မသွားရတိုင်း ဂိမ်းဆော့မနေနဲ့အုန်း"

Gulf:"မဆော့ပါဘူး...စောစောအိပ်မှာပါ"

အခန်းထဲရောက်တော့ ချက်ချင်းကုတင်ပေါ်သို့ ပစ်လှဲချလိုက်တယ် ပြီးတော့ P'Mewပေးထားတဲ့
Pendaရုပ်ကြီးကို ဖက်လိုက်တယ်......

"Pendaရုပ်ကြီးရေ Phi Mewပြန်လာပြီသိလား
ငါအရမ်းပျော်တာပဲကွာ....သူငါ့ကိုပေးထားတဲ့ ဂတိကိုမမေ့ဘူးသိလား....ကစားကွင်းကြီး တစ်ခုလုံးလဲငှားပေးတယ်....ငါနဲ့အတူ ဆော့ချင်တာတွေ အကုန်လဲ အတူဆော့ပေးတယ်...ပြီးတော့လေ မပြောတော့ဘူးကွာရှက်တယ်"

Pendaရုပ်ကြီးကတော့ ငြိမ်သက်လျက်ပါ Gulfတစ်ယောက်သာ ရှက်နေရှာတာ...
*ငါဘာလို့ရှက်နေတာလဲ....Pendaက စကားမှပြန်မပြောနိုင်တာ နားထောင်ရုံပဲကို ပြောပြလိုက်ပါ့မယ်*

"မရှက်တော့ဘူး ငါမင်းနဲ့၆နှစ်တောင်ဖက်အိပ်လာတာ ဆိုတော့ မင်းကယုံကြည်လို့ရလောက်တယ်........
ငါပြောဖူးတယ်လေ ငါနေမကောင်းတုန်းက P'Mewလာနမ်းတယ်လို့ အိမ်မက်မက်တယ်ဆိုတာ အဲဒါ တကယ်တဲ့....သူတကယ်လာခဲ့မယ်လို့ ငါတွေးတောင်မတွေးမိဘူး....မင်းရောတွေးမိလား...
အော်မေ့လို့...မင်းမှပြန်မပြောနိုင်တာ ပြီးတော့ သူကငါ့ကိုထပ်နမ်းသေးတယ်သိလား..."

ပြောရင်း နှုတ်ခမ်းလေးကို လက်ဖြင့်ပြန်စမ်းကာ
ပြန်တွေးနေမိတယ်....
*အား ရှက်လိုက်တာ အဲတုန်းကငါဘာလို့ မရုန်းမိခဲ့လဲမသိဘူး*

Gulfတွေးနေတာရပ်ပြီး Pendaကြီးကို စကားဆက်ပြန်တယ်
"ဒီနေ့သူက ငါ့ကိုချစ်သူဖြစ်ခွင့်ပေးပါတဲ့လေ....
ငါတို့ချစ်သူဖြစ်သွားပြီပေါ့ကွာ....ဒါပေမဲ့ ၃ရက်လောက် စိတ်ကောက်ထားတယ် သူများသားသမီး လူပျိုနုနုထွတ်ထွတ်လေးကို ကလေးအဖေလို့ ထင်လို့လေ ၃ရက်ထက်ပိုပြီးတော့လဲ စိတ်မကောက်နိုင်ပါဘူး ငါလဲသူ့ကိုလွမ်းတာပဲ အခုတောင်လွမ်းလာပြီ....အလကား လူကြီး ဖုန်းမဆက်နဲ့လို့ပြောတိုင်း တကယ်မဆက်စရာလား"

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now