Part-45(Z+U)

1.3K 122 19
                                    

*ကျေးငှက်လေးတွေရဲ့ တွန်ကျူးမှုနှင့်အတူ နိုးထလာတဲ့ မနက်ခင်းတိုင်းက လှပလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး....

ကျွန်တော့်မနက်ခင်လေးလှပဖို့ဆိုရင် ကျွန်တော့ရဲ့ လိုအပ်ချက်လေးက ကျွန်တော့ရင်ခွင်ထဲမှာ အိပ်နေဖို့တော့လိုတာပေါ့....

သေချာတယ်ဗျာ ကျွန်တော်မနက်ခင်းတိုင်းက သူနှင့်သာအတူနိုးထခွင့်ရမယ်ဆိုရင် အမြဲတမ်းလှပနေမယ်ဆိုတာကိုပေါ့....*

Mewတစ်ယောက် ရင်ခွင်ထဲတွင် အိပ်မောကျနေသော သူ့ရဲ့ချစ်မ၀လေးကို တစိမ့်စိမ့်ကြည့်ရင်း တွေးနေခဲ့သည်မှာ အတော်ကြာနေခဲ့ပြီ....

*ညက ပင်ပန်းသွားလို့ထင်ပါရဲ့ အိပ်နေလိုက်တာများ တုတ်တုတ်မျှမလှုပ်ပေ....အိပ်နေတာလေးက ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းနေလဲ ဆိုတာ မင်းလေးသိရဲ့လား....အခုချက်ချင်း အကောင်လိုက် မြိုချပစ်လိုက်ချင်တယ်ကွာ....*

Mewလဲ နာရီကြည့်လိုက်တော့၉နာရီပင် ရှိနေခဲ့ပြီ.....
*ဟုတ်သားပဲ အလုပ်သွားရမှာတောင် မေ့နေလိုက်တာ မထူးတော့ပါဘူး ဒီနေ့တစ်ရက်တော့ နှစ်ယောက်လုံး အလုပ်မသွားတော့တာပဲ ကောင်းတယ်*

Mew အလုပ်မသွားတော့ရန်ဆုံးဖြတ်ပြီးနောက် ချစ်မ၀လေးနိုးမှာဆိုး၍ အသာအယာ အိပ်ယာမှထကာ ရေချိုးနေလိုက်သည်....

Mewရေချိုးခန်းထဲက ထွက်လာချိန်အထိ ကာလနဂါးလေးက မနိုးသေးပေ...

သူလဲ မနိုးရက်ပေမဲ့ မနက်စာစားပြီးမှ ပြန်အိပ်ခိုင်းရန်ဆုံးဖြတ်ပြီး နိုးလေတယ်....

"အချစ်ကလေး....ထတော့လေ မနက်စာစားရအောင်....."

"အွန်း..."ဆိုသော အသံလေးပေးကာ နည်းနည်းလှုပ်လာပြီး ပြန်အိပ်သွားပြန်တယ်...

*တကယ့် ချစ်စရာလေးပါကွာ....ကိုကို အသည်းတွေယားလာပြီ*

Mewလဲ အသည်းယားတာကြောင့်
ပါးလေးကိုငုံကာ အဆက်မပြတ်မွှေးကြူနေ လိုက်တယ် လက်လေးကလဲ နားရွက်လေးကိုပွတ်ရင်းပေါ့....

အဲအခါကျမှ ကာလနဂါးလေးက နိုးလာပြီး...
"ဟင် ကိုကိုဘာလို့ဒီလောက်နမ်းနေရတာလဲ......
အိမ်ချင်နေပါတယ်ဆို"

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now