Part-4(Z+U)

1.2K 143 9
                                    

Mewပြောတဲ့ သူငယ်ချင်းလုပ်ရအောင်ဆိုတာက...

Gulfလဲ ကျောင်းရှေ့ရောက်လို့ စက်ဘီးလေးကို အထား ဘေးမှMewရောက်လာပြီး
"ဟေး...သူငယ်ချင်းလေး"ပြောလဲပြော gulfလည်ပင်းကို သိုင်းဖက်လိုက်တယ်။

သူတို့နှစ်ယောက်လုံး အတန်းထဲကို အတူဝင်ကြတယ်။

Mewပြောတဲ့ သူငယ်ချင်းဆိုတဲ့ အဓိပ္ပယ်က တခြားတော့ မဟုတ်ပါဘူး သူခိုင်းချင်သမျှ လုပ်ခိုင်းတာပါပဲ။

"ရော့..ငါ့စာအုပ်တွေ ဒီနေ့အိမ်စာပေးတာ လုပ်လာခဲ့"

"ဟုတ်..Phi Mew"ဆိုပြီး စာအုပ်တွေသာ ယူပြီး သူခိုင်းတာလုပ်ရတယ် ပြန်လဲမပြောရဲ ကြောက်တာကို။

Gulfမှာတနေ့တနေ့ သူ့အိမ်စာလည်းလုပ်ရ ဟိုလူကြီးအိမ်စာ တွေလဲ လုပ်ပေးရနဲ့ စာကြည့်စားပွဲက ကိုမခွာရဘူး။

*ဟူး....ဒီလူဒီလိုပဲ ခိုင်းနေတော့မှာလား*သက်ပြင်းချလိုက်တယ်။

*Noဆိုတဲ့ကောင်ကလဲ ဘာမှသုံးစားမရဘူ၊ သူအကိုကို ငါ့ထက်တောင် သူကပိုကြောက်သေး*

*အမေရေ..အမေသားဘ၀တော့ Phi Mewလက်ထဲမှာ ရေတိမ်နစ်ပါပြီ*

*ဟင် ငါဘာတွေပြောနေတာလဲ ရေတိမ်နစ် အောင်လဲ သူက ငါ့ကိုအိမ်စာပဲ လုပ်ခိုင်းတာကို*
(ရှင်လေးဘာတွေ လုပ်ခိုင်းချင်သေးတာလဲ)

ထိုအချိန်gulf momရောက်လာပြီး
"သားလေး အခုတလော စာတွေလုပ်လာတယ်နော်၊
စားပွဲခုံက ကိုမခွာဘူး"

"ဟီး...သားကြိုးစားချင်စိတ်ပေါ်လာလို့"ချီးကို ကြိုးစားချင်စိတ်ကမှာလား အမေတောင်ငါ့ကို စာလုပ်တယ်ထင်ကုန်ပြီ။

(ဒီလိုနဲ့ကျောင်းတက်တာ ၂ပတ်လောက်ရှိသွားတယ်)

Gulfလဲ ၂ယောက်စာ အိမ်စာလုပ်ရတာ စာတွေကို အလွတ်ကိုရလို့။

"Phi Mew  ဒီမှာ phiစာအုပ်တွေ၊ ကျွန်တော် အိမ်စာလုပ်ပေးပြီးလို့"

"အင်း..ခုံပေါ်တင်ထားခဲ့"ဆိုပြီး mewပြောပြီး ဆက်အိပ်နေလိုက်တယ်။
(Mewက စာသင်ခန်းထဲမှာ အားချိန်ဆို အမြဲမှောက်အိပ်နေတတ်ပြီး၊ စာသင်ချိန်ဆို ငိုက်ပါတယ်)

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now