Ep ~~~ (21)

282 27 13
                                    

ကိုကိုနဲ့ကျွန်တော် ထိုသို့သော
ပြသာနာသေးသေးလေးတွေကြားထဲမှာပင်
သံယောဇဉ်တွေလဲ တိုးလာရပါတယ်...
ဒါပေမဲ့ သိပ်မကြာခင်မှာ အောင်စာရင်းထွက်လာတော့မယ်...
ထို အောင်စာရင်းတွေထွက်တဲ့အချိန်နဲ့တိုက်ဆိုင်စွာ
ခုလက်ရှိတက်နေသော သင်တန်းကလဲ
ပြီးဆုံးပြီမို့ အိမ်ကို ပြန်ကိုပြန်ရတော့မှာပင်....
ဒီတလော ထိုအတွေးတွေကြောင့်
လူက နေရထိုင်ရတာ အရင်လိုမပျော်ရွှင်တော့...
ကိုယ့်စိတ်သဘောအရဆို ကိုကိုနဲ့ခွဲပြီး
ဘယ်ကိုမှမသွားချင်ပါ....

"ဟေး ငြိမ်လှချည်လား"

ကိုကို့အသံကြားမှ ကျွန်တော့်အတွေးတွေ
ပျောက်ကွယ်သွားကာ ကားမောင်းနေသော ကိုကို့ကိုလှည့်ကြည့်လိုက်မိတယ်...
ကိုကိုကတော့ ထုံးစံအတိုင်း စူးစမ်းသောမျက်ဝန်းတွေနဲ့ ကျွန်တော့်ကိုကြည့်နေလေတယ်...
အာ ဟုတ်သားပဲ...
အခုက ကိုကိုနဲ့အတူတူရှိနေတာပဲ...
ခုနလေးတင် ကျွန်တော်ရဲ့သင်တန်းကိုလာကြိုပြီး
ကျွန်တော်နဲ့ကိုကို အိမ်သို့ ပြန်နေကြတာပင်...

"ဒီလိုပါပဲ ကိုကိုရာ"

"အဲ့ဒီလေသံကိုက ထူးဆန်းနေတာ...
ဒါနဲ့ မင်းတို့ အောင်စာရင်းထွက်တော့မှာဆို"

"ဟုတ်တယ် ကိုကို"

"ဘာလဲ မင်းကအဲ့ဒါကြောင့်စိတ်ညစ်နေတာလား..
မဟုတ်မှလွဲ မင်း မဖြေနိုင်လို့လား"

"အာ..ကိုကိုကလဲ ကျွန်တော့်ကိုအထင်သေးလိုက်တာ...
ကျောင်းမှာဆို ကျွန်တော်က စာတော်တဲ့အထဲမှာပါပါတယ်နော်"

"အဲ့ဒါဆို မင်းပုံစံက ဘာဖြစ်နေတာလဲ...
တစ်ခုခုကို ရင်ပူနေသလိုလိုနဲ့"

"အင်း.....ဟုတ်တယ်...
ကျွန်တော် တစ်ခုခုအတွက် ရင်ပူနေတယ်"

ကျွန်တော့်စကားကြောင့် ကားမောင်းနေတဲ့
ကိုကိုဟာ မျက်ခုံးတစ်ချက်ပင့်သွားသလို ကျွန်တော့်ဘက်ကိုလဲ ငဲ့စောင်းကြည့်လာလေတယ်...
ကျွန်တော်လဲ ဒီတစ်ခါတော့ ဟိုအရင်လို
ခေါင်းငုံ့ရှောင်လွှဲမနေတော့ပဲ သတ္တိရှိရှိဖြင့်
ကိုကို့မျက်ဝန်းတွေကို ရင်ဆိုင်ကြည့်လိုက်တယ်...
ထုတ်ပြောခွင့်မရှိသေးတဲ့ ကျွန်တော့်ရဲ့အချစ်တွေကို မျက်ဝန်းကတဆင့် ကိုကို တွေ့ပါစေလို့
ဆုတောင်းရင်းနဲ့ပေါ့...

 ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)Where stories live. Discover now