Ep ~~~ (14)

327 33 4
                                    

မနေ့ညက ရင်တွေခုန်လွန်းလို့
အိပ်ရာဝင်နောက်ကျခဲ့ပေမဲ့
ဒီမနက်မှာလဲ အစောကြီးနိုးနေရပြန်တယ်...
လူကနိုးနေပေမဲ့ မျက်လုံးမဖွင့်ဖြစ်သေးပဲ
ဇိမ်ယူနေရင်း မနေ့က အကြောင်းအရာတွေကို
ပြန်တွေးမိပြီး ပြုံးနေမိပါတယ်....
ကိုကို ကျွန်တော့်ကိုပြောတဲ့စကားတွေက
ဒေါသတွေနဲ့အော်ငေါက်ပေမဲ့ ကျွန်တော်တစ်ခုခုဖြစ်မှာ
စိုးရိမ်နေခဲ့ပုံပါပဲ...အဲ့ဒီအချိန်တုန်းက
ကျွန်တော့်မှာ ဝမ်းနည်းပြီးမျက်ရည်ကကျရသေးတယ်...
ဒါပေမဲ့ အဆုံးသတ်မှာ ကျွန်တော်အရမ်းပျော်ခဲ့ရပါတယ်..
ဘာလို့ဆို ကျွန်တော်နဲ့ကိုကို ပြေလည်သွားခဲ့လို့.....

မနေ့က စတိုးဆိုင်ကနေ ကိုကို့အတွက်ရေသန့်ဗူးနဲ့
ကျွန်တော့်အတွက် ကျွန်တော်စားချင်တာလေးတွေ
ဝယ်ယူပြီး ကားဆီကိုအမြန်ပြေးသွားလိုက်တယ်...
ကျွန်တော်ကားပေါ်ရောက်တာနဲ့ ကိုကိုက
ကားစက်နှိုးကာ ဆက်မောင်းလာခဲ့ပါတော့တယ်....

"ကိုကို ဒီမှာရေ"

"အဖုံးဖွင့်ပေး"

"အာ ဟုတ်သားပဲ ကိုကိုကကားမောင်းနေတာကို"

"ကိုကို ရပြီ"

"အင်း"

ကားမောင်းရင်း လှမ်းယူတာမို့ ကိုကို့လက်က
ရေဗူးဆီသို့မရောက်ပါ...ထို့ကြောင့် ကိုကို့လက်ထဲကို
ရေဗူးကိုထည့်ပေးလိုက်တော့ ကိုကို့လက်ဖျားလေးတွေနဲ့
ကျွန်တော့်လက်ဖျားလေးတွေနဲ့ ထိသွားရတယ်...
ဘာမဟုတ်တဲ့ အထိအတွေ့ကတောင် ရင်ခုန်သံတွေကို
မြန်ဆန်စေတယ်....ကျွန်တော့်ရင်ခုန်သံတွေကို
ကိုကိုကြားသွားမှာတောင် စိုးထိတ်သွားမိတယ်.....
ရေမော့သောက်နေတဲ့ ကိုကို့ကိုလှမ်းကြည့်လိုက်တော့
ယောက်ျားဝိသေသကိုရည်ညွှန်းတဲ့အရာလဲဖြစ်
ယောက်ျားပီသတဲ့အရာအဖြစ်လဲရည်ညွှန်းကြတဲ့
Adam Appleလေးက တက်လိုက်ကျလိုက်
ဖြစ်နေလေရဲ့...ထိုသို့ဖြစ်နေတဲ့
Adam Appleကိုလိုက်ကြည့်ရင်း ကျွန်တော့်ရင်ခုန်သံတွေကလဲ တက်လိုက်ကျလိုက်ဖြစ်နေသလိုပါပဲ....
ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်ဖိလိုက်ရတဲ့အထိ
ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲနေခဲ့ပြီလေ....

 ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)Where stories live. Discover now