အဲ့ဒီလိုနဲ့ပဲ ကိုကို့ကျေးဇူးကြောင့်
ကျွန်တော် အိမ်မပြန်ရတော့ပါဘူး....
အခုဆို ကျွန်တော့်ခြေထောက်လဲကောင်းသွားပြီမို့
သင်တန်းတောင် ပြန်တက်နေပါပြီ....
ဒီအိမ်မှာနေတာကြာလာတာနဲ့အမျှ အိမ်သားတစ်ဦးလိုဖြစ်ကာ
ကိုကိုနဲ့လဲ ပိုပိုပြီး ရင်းနှီးလာခဲ့ပါပြီ...
ကိုကို့အနားမှာနေခွင့်ရတာကို
ကျွန်တော်အရမ်းကျေနပ်နေမိပေမဲ့
အပြည့်အဝတော့ မပျော်နိုင်သေးပါလေ...
ဘာလို့ဆိုကျွန်တော် တကယ်လိုချင်နေတာက ကိုကို့ရဲ့အချစ်ဖြစ်နေလို့ပါ..သိပ်မကြာခင် အောင်စာရင်းတွေလဲ ထွက်လာတော့မယ်...
အဲ့ဒါပြီးရင် တက္ကသိုလ်တက်ရတော့မယ်...
အဲ့ဒီအခါ ကိုကိုနဲ့အတူတူရှိနေနိုင်ဖို့က
သိပ်မသေချာတော့ဘူး...အခုဒီအချိန်လေးမှာပဲ
ကိုကို့အချစ်ကိုရဖို့ ကျွန်တော်အစွမ်းကုန်
ကြိုးစားရတော့မယ် ထင်ပါတယ်..."ဒေါက် ဒေါက် Plan ပြီးပြီလား...
ပြီးရင်လဲ သွားရအောင်လေ""ဟုတ် လာပြီ ကိုကို"
ပါးစပ်ကလဲအော်ကာ အခန်းထဲကပြေးထွက်လာခဲ့တယ်...
အခန်းရှေ့မှာရပ်စောင့်နေတဲ့ ကိုကို့ကို
သွားဖြီးကာမျက်နှာချိုသွေးပြတော့
ကိုကိုက ခေါင်းတစ်ချက်ခါရင်း လှည့်ထွက်သွားပါတော့တယ်..
ကျွန်တော်လဲ ကိုကို့နောက်ကနေ တကောက်ကောက်လိုက်ပေါ့....
မနက်တိုင်း ကိုကိုက သူဆေးရုံသွားရင်း
ကျွန်တော့်ကို သင်တန်းမှာချသွားပေးရမှာကိုး...
အာ့လိုဖြစ်လာတာကလဲ မေကြီးရဲ့အမိန့်ကြောင့်..."ဟေ့ ရောက်ပြီလေ မဆင်းဘူးလား"
"အာ ဆောရီးကိုကို ဟီး"
တံခါးကို အမြန်ဖွင့်ကာ ဆင်းလိုက်ရတယ်...
မဟုတ်ရင် ကိုကိုက သူ အလုပ်ဝင်တာ
နောက်ကျအောင်လုပ်တယ်ဆိုပြီး
ကျွန်တော့်ကို သူ့နဲ့အတူမခေါ်တော့ရင် ဒုက္ခမလား.."ကိုကို တာ့တာ"
"အင်း အင်း တာ့တာ"
ဒီနောက်ပိုင်း ကိုကိုလဲကျွန်တော့်အပေါ်
လိုက်လိုက်လျောလျောနေပေးလာတယ်..
အခုလို တာ့တာလို့ပြောရင် တာ့တာလို့
အလိုက်သင့်ပြန်ပြောပေးလာတာမျိုးပေါ့...
အဲ့ဒါလေးကိုတောင် ကျွန်တော်ပျော်နေမိတယ်...
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fanfictionသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်