ဆေးရုံဝန်းထဲခြေချလိုက်မိတာနဲ့
Plan လက်ထဲက Milk Teaလေးနဲ့ Sandwichပါတဲ့
အိတ်လေးကိုမြှောက်ကြည့်ရင်း ပြုံးလိုက်မိတယ်...
ဒီအချိန်ဆို ကိုကို မရောက်လောက်သေးမှန်း သိထားပြီးသားပါ....တမင်တကာကို
စောစောလာခဲ့တာလေ....
ဘာလို့ဆို ကျွန်တော့်ကိုမြင်လိုက်ရင်
အံ့သြသွားမဲ့ ကိုကို့မျက်နှာကို တွေ့ချင်လို့ပါ....
ပြီးတော့ မတွေ့တာကြာတဲ့ ဒီ၂ပတ်အတွင်း
ကိုကို ဘာတွေများပြောင်းလဲသွားဆိုတာလဲဆိုတာ
အရမ်းသိချင်နေပါပြီ....အဲ့ဒါကြောင့် စောစောလာပြီး
ဆရာဝန်နားနေခန်းနားက ခုံတန်းလေးမှာ
ထိုင်စောင့်ရင်း ကိုကို့အလာကိုမျှော်နေမိတာပါ....ခုံတန်းလေးမှာထိုင်ရင်း ဒီနေ့လိုနေ့မျိုးရောက်လာဖို့
ကျွန်တော် ဘယ်လောက်ထိကြိုးစားခဲ့ရသလဲဆိုတာကို
ပြန်တွေးရင်း ပြုံးလိုက်မိတယ်.....
ကိုကို့ကိုနေ့တိုင်းတွေ့ချင်မိတဲ့ ကျွန်တော်နဲ့
ကျွန်တော့်ကိုချစ်တဲ့ မေမေနဲ့
တခဏတော့ စစ်ခင်းခဲ့ရပါသေးတယ်....
ကျွန်တော့်ဆုံးဖြတ်ချက်ကို မေမေ့ကိုပြောပြတော့
ပထမတော့ မေမေကသဘောမတူခဲ့ပါလေ....
မေမေ့ရဲ့ခံစားချက်ကိုလဲနားလည်တာမို့
စိတ်ဆိုးဒေါသဖြစ်ခြင်းလဲ မဖြစ်ခဲ့မိပါ....
ငယ်ရွယ်သေးတဲ့တစ်ဦးတည်းသောသားလေးကို
အဝေးမှာတစ်ယောက်တည်းသွားထားဖို့က
မေမေ ဘယ်စိတ်ချပါ့မလဲ....
ဒါပေမဲ့ ကျွန်တော်ပဲလေ သိတယ်မလား....
မေမေ့ကို အမျိုးမျိုးချော့ပြောပြီး ကတိတွေအထပ်ထပ်ပေးလိုက်တော့
နောက်ဆုံးမှာ ကျွန်တော်လိုချင်တာရခဲ့ပါတယ်....
အဲ့ဒါက ကိုကိုရှိတဲ့ ဒီမြို့လေးမှာ အဆောင်နေပြီး
ကျွန်တော့်အတွက်လိုအပ်တဲ့သင်တန်းတွေ
တက်ရောက်ခွင့်ပါ....ဒီလိုနဲ့ပဲ ကိုကိုရှိတဲ့မြို့လေးကို
ကျွန်တော်ရောက်လာခဲ့ပါတော့တယ်....
ဒါဟာ ကျွန်တော့်ရဲ့ခြေလှမ်းအစပေါ့ ကိုကို....သိပ်မကြာခင် ဆေးရုံဝန်းထဲ ကားအဖြူလေးတစ်စီး
ဝင်ရောက်လာကာ ထိုကားပေါ်မှ လူရွယ်တစ်ယောက်
ဆင်းလာပါတယ်...ထိုလူရွယ်ဟာ
အပေါ်က အစိမ်းနုရောင်အင်္ကျီလက်ရှည်
အောက်က ဘောင်းဘီအနက်ရောင်လေးနဲ့မို့
သူ့အသားအရည်နဲ့အလွန်လိုက်ဖက်လွန်းလှတယ်...
ချောမောလှပတဲ့ရုပ်ရည်ကြောင့်
လူအများကြားမှာလဲ ထင်ပေါ်နေပြန်တယ်....
ထို့ကြောင့် သူ လျှောက်လာတဲ့လမ်းတစ်လျှောက်မှာ
သူ့ကိုလည်ပြန်မငေးတဲ့သူ မရှိသလောက်ပါပဲ...
ကျွန်တော်လဲ ထိုလူကို လိုက်ကြည့်ရင်း
ရင်ခုန်သံတွေမြန်လာခဲ့ပါတော့တယ်....
အကြောင်းရင်းက ထိုလူရွယ်ဟာ ကိုကိုဖြစ်နေလို့ပေါ့...
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fanfictionသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်