Ep ~~~ (22)

273 23 15
                                    

"Planရေ Plan"

ရေချိုးပြီးလို့ အဝတ်စားလဲနေတုန်း
အခန်းရှေ့ကနေ မယ်သစ်ရဲ့အသံစာစာကြောင့်
အင်္ကျီဝတ်ရင်းတန်းလန်း တံခါးသွားဖွင့်ပေးလိုက်ရပါတော့တယ်...
တစ်ချိန်တည်းမှာပင် မျက်နှာချင်းဆိုင်က ကိုကို့ရဲ့အခန်းတံခါးကလဲ
တိုက်ဆိုင်စွာ ပွင့်လာခဲ့ပါတော့တယ်...
တံခါးဖွင့်ဖွင့်ချင်း ကျွန်တော်နဲ့ငသစ်ကို
ကိုကိုဟာ မျက်မှောင်ချီကြည့်လို့နေခဲ့ပါပြီ...
ကျွန်တော်လဲ အင်္ကျီကြယ်သီးတွေကို
အလျင်အမြန် တပ်လိုက်ရပါတော့တယ်....

"Thit ဘာလာလုပ်တာလဲ"

"ဟော ကိုကိုရော နိုးပြီလား...
ဒီမှာလေ Thitက Planကို မနက်စာစားဖို့လာခေါ်တာ...
ကိုကိုရော ဆင်းခဲ့တော့လေ"

ကိုကိုဟာ ဘာမှပြန်မပြောပဲ
ခေါင်းတစ်ချက်သာ ဆတ်ခနဲညိတ်ပြရင်း
ကျွန်တော်နဲ့ မယ်သစ်ကို
ရှုတည်တည်ဖြင့် တစ်ချက်ကြည့်ကာ အောက်ထပ်သို့ဆင်းသွားပါတော့တယ်...
ထိုအခါမှ ကျွန်တော့်မှာ အသက်ပြင်းပြင်းရှူရဲပါတော့တယ်...

"ငသစ်ရယ် ငါ့မှာအသက်တောင်ရဲရဲမရှူရဲဘူး"

"အမလေးဟယ် ဒါအစပဲရှိသေးတယ်...
နောက်ထပ်လာမှာတွေရှိသေးတယ်နော်"

"ဟင် ဘာတွေလဲ...ငါ လန့်လာပြီ"

"အဲ့လောက်သတ္တိနဲ့များ ငါ့ကိုကိုကို လိုချင်သေးတယ်ပေါ့ ဟွန့်"

"အာ ငါ့ဟာငါတစ်ယောက်တည်းတော့
ဘယ်ကြောက်ပါ့မလဲ...ခုက နင်နဲ့ငါ့ကို
ကိုကို အထင်လွဲမှာစိုးတာ"

"အဟင်းဟင်း....ကဲပါ အဲ့ဒါတွေ ခဏထားလိုက်စမ်းပါဟာ..
ငါ ဗိုက်ဆာနေပြီ...
အရင်သွားစားရအောင်"

"ဟ ဟ ဟ ဖြေးဖြေးလုပ်ပါဟ"

မယ်သစ်ရဲ့ဗျူဟာက ဘာမှန်းသေချာမသိရသေးပေမဲ့
ခုတော့ သူမ ဆွဲခေါ်ရာနောက်သို့
တရွတ်တိုက်ပါသွားခဲ့ရပါပြီ...
ကျွန်တော်တော့ လူပေါင်းမှားပြီလားမသိဘူး အမေရေ့.....

ထမင်းစားခန်းသို့ရောက်တော့
ကိုကိုတစ်ယောက်တည်း မနက်စာစားနေသည်မို့
ကျွန်တော်တို့နှစ်ယောက်လဲ ကိုကို့အနီးတွင် ဝင်ထိုင်လိုက်ကြပါတော့တယ်...

You've reached the end of published parts.

⏰ Last updated: Aug 06, 2021 ⏰

Add this story to your Library to get notified about new parts!

 ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)Where stories live. Discover now