Ep ~~~ (8)

289 41 2
                                    

အချိန်တော်တော်ကြာ မောင်းလာသည်အထိ
ကိုကိုနဲ့ စကားမပြောမိသလို ကိုကို့အသားနဲ့မထိအောင် တောင့်တောင့်ကြီးထိုင်နေရတာ
တကယ်အဆင်မပြေပါဘူး...
ဒါပေမဲ့ မဖြစ်ဖြစ်အောင်ကြိုးစားနေတယ်...
ဘာလို့ဆို ကိုကို့ဆီကနေ
နောက်ထပ်အမုန်းတွေကို မလိုချင်တော့လို့...
အခုတောင် ဒီလောက်ဝမ်းနည်းနာကျင်နေရတာ...
နောက်ထပ်သာဆို ကျွန်တော့်နှလုံးသားလေး တကယ်အဆင်မပြေလောက်တော့ပါဘူး...

Meanဆိုင်ကယ်မောင်းနေရင်း
သတိထားမိတယ်...မနက်ပိုင်းတုန်းက
ကျွန်တော်နဲ့ကပ်နေအောင်ထိုင်တဲ့သူက အခုကျတော့ အသားချင်း မထိအောင်ထိုင်နေတာကိုလေ....
လူနှစ်ယောက်ပဲထိုင်လို့ရတဲ့ဆိုင်ကယ်မှာ
တစ်ယောက်နဲ့ တစ်ယောက်မထိအောင်
ထိုင်ဖို့ဆိုတာ အတော်မလွယ်ပါဘူး...
ကျောက်ရုပ်လို တောင့်တောင့်ကြီးထိုင်နေမှ ဖြစ်မှာလေ...တကယ်ပဲ
အဲ့ဒီလိုထိုင်နေတာများလားသိချင်လာလို့
ဆိုင်ကယ်မောင်းနေရင်း ဘေးမှန်ကနေ
ခိုးကြည့်လိုက်တယ်...မှန်ထဲမှာမြင်နေရတဲ့ပုံအရ ကျွန်တော်နဲ့မထိအောင် သူ့ခန္ဓာကိုယ်ကို
တောင့်တောင့်ကြီးလုပ်ထားသလို
ပတ်ဝန်းကျင်ကိုလဲမကြည့်ပဲ
ကျွန်တော်ပေးထားတဲ့
တဘက်ကိုသေချာခြုံထားပြီး ခေါင်းငုံ့ထိုင်နေတာပါ....
ဒီလိုကျတော့လဲ စိတ်ထဲတမျိုးဖြစ်သွားရပြန်တယ်...
ငတိလေးက ကျွန်တော်မကြိုက်တာတွေကြီးပဲ
ရွေးလုပ်နေသလားထင်ရတယ်...
အဲ့ဒါကြောင့်လဲ ကျွန်တော် စိတ်ထိန်းနေတဲ့ကြားက ဒေါသထွက်ထွက်လာမိတာ...
အဲ့ဒီလို ဘယ်သူနဲ့မှမဖြစ်ဖူးပါဘူး...
ဒီကောင်လေးနဲ့ကျမှပဲ ဟူး...

"ဟိတ် နှစ်ယောက်တည်းလား...
အစ်ကိုတို့နဲ့သွားရအောင်လေ"

နှစ်ယောက်လုံးအတွေးတွေထဲ
ကိုယ်စီမျောနေကြရာမှ
သူတို့ဆိုင်ကယ်ရှေ့နားဆီက
အသံကျယ်ကြီးကြောင့် အသိဝင်လာပြီး ထိုနေရာကိုလှမ်းကြည့်လိုက်ကြတယ်...
မြင်လိုက်ရတဲ့မြင်ကွင်းက လုံးဝအဆင်မပြေဘူး....
အကြောင်းရင်းက ကျွန်တော်တို့အရှေ့ကနေ
မောင်းနေတဲ့ Thitတို့ဆိုင်ကယ်ဘေးနားကို လမ်းသရဲပုံစံလိုလို ဘာလိုလိုတွေ ဝတ်ဆင်ထားတဲ့
လူငယ်တစ်စုကရောက်ရှိလို့နေတာမို့လို့ပါ....
ကြည့်ရသလောက် အရက်လဲသောက်ထားကြပုံပါပဲ....
Meanအတွေးထဲမျောနေတာကြောင့်
ဒီအုပ်စုတွေ ဘယ်အချိန်တုန်းက ကျွန်တော့်ကို
ကျော်သွားလဲမသိလိုက်ဘူး....
အခုအနေအထားအရ လူနှစ်ယောက်ပါ ဆိုင်ကယ်တစ်စီးစီက Thitတို့ရဲ့ဘယ် ညာမှာ
မှေးလိုက်ရင်း စနောက်နေကြတာပါ...
မိန်းကလေးတွေမို့ Thitနဲ့သူ့သူငယ်ချင်းကလဲ
လန့်နေကြပုံပဲ...ကျွန်တော်တို့ဆိုင်ကယ်ကို
လှည့်ကြည့်လှည့်ကြည့်လုပ်ရင်း
အကူအညီတောင်းနေကြတယ်...

 ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)Where stories live. Discover now