Ep~~~(2)

412 38 4
                                    

နည်းနည်းတော့ လွန်လွန်းတယ်မထင်မိဘူးလား...
၃ယောက်အတူတူယှဉ်ရပ်နေတာတောင်
ကျွန်တော့်ကိုမမြင်ကြဘူးလားဗျာ....
ငသစ်က မိန်းကလေးမို့ထားပါတော့....
ဒီအချိန်က လူပျိုအပျိုလှည့်လို့ကောင်းတဲ့အချိန်ကိုး...
ခုတော့ ဘယ့်နှယ်ဗျာ ကမ္ဘာကြီးက ကိုကို့ဘက်ပဲ
တိမ်းစောင်းသွားသလားမှတ်ရတယ်...
လာသမျှမိန်းကလေးတိုင်းကလည်း
ကိုကို့ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ရေလာလာလောင်းနေကြတယ်...
၃ယောက်မှာ တစ်ယောက်ပဲကွက်မစိုသေးတဲ့
ကျွန်တော်က အရမ်းကိုမှ
သနားစရာကောင်းမနေဘူးလားဗျာ...

"ဟိုလေ စိတ်မဆိုးရင် ရေနည်းနည်းလောင်းမယ်နော်"

"ဟာ...ရ...ရပါ...ပါ...."

ကျွန်တော့်ကျောဘက်ကအသံလေး
ကြားလိုက်တာမို့ အဟား ဒီတစ်ခါတော့ငါစိုပြီဟဲ့လို့ စိတ်ထဲကြိမ်းဝါးကာ လှည့်ကြည့်လိုက်တော့မှ အမြင်နဲ့အထင် တက်တက်စင်လွဲတော့တာပါပဲ....
အသံကကျွန်တော့်အနောက်ကဆိုပေမဲ့
သူကြည့်နေတာက ဟိုဘက်နားကကိုကို့ကိုလေ...
အသံတွေကြားလို့ ကိုကိုကလဲ ဒီဘက်ကိုငဲ့ကြည့်လာခဲ့တယ်....
အား....ကမ္ဘာကြီးရပ်တန့်သွားတာလား...ဘာလား...
ဒီဘက်ကိုဝေ့ကြည့်လိုက်တဲ့ ကိုကို့ရဲ့ပုံစံက
လုံးဝကိုအကြွေဆင်ကြီး...
မျက်လုံးမှေးတယ်ဆိုပေမဲ့
အဲ့ဒီမှေးတယ်ဆိုတာတောင်
ကိုကိုနဲ့မို့ ပိုလိုက်ဖက်နေသလားပဲ...
ငဲ့စောင်းခါမှတွေ့လိုက်တဲ့ ညာဘက်လည်ပင်းပေါ်က
ထင်ရှားလွန်းတဲ့မှဲ့နက်လေး....
နို့နှစ်ရောင်အသားအရည်နဲ့
ပနံသင့်လှပါပေတယ်ဗျာ...
ကိုကိုက တကယ်ချောတာပဲ...
ကောင်မလေးတွေမပြောနဲ့ ကျွန်တော်တောင်သဘောကျနေမိပြီ...

"ခင်ဗျာ ကျွန်တော့်ကိုပြောတာလား"

ကိုကိုက သူ့ကိုယ်သူလက်ညိုးပြန်ထိုးရင်း သေချာအောင်မေးလိုက်တယ်...ပြီးတော့
ကျွန်တော့်ဘက်ကိုဝေ့ကြည့်လာတယ်...
ကျွန်တော်ကတော့ ကိုကို့ကိုငေးရင်း မတ်တပ်မေ့...
အာ မေ့နေလို့မဖြစ်ဘူး...
အခြေအနေကိုစောင့်ကြည့်ရဦးမယ်လေ..

"ဟုတ်...အစ်ကို့ကိုပြောတာ...
Warရေလောင်းလို့ရမလား"

"အော် ရပါတယ် လောင်းလို့ရပါတယ်"

 ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)Where stories live. Discover now