Ep ~~~ (16)

304 36 8
                                    

Mean ဒီနေ့မနက်ပိုင်းခွဲခန်းဝင်စရာရှိတာဝင်ကာ
အားလုံးပြီးချိန်မှာတော့ ကိုယ့်စားပွဲမှာ ထိုင်ရင်းနဲ့ပဲ
မျက်စိမှိတ်ကာ အနားယူနေလိုက်တယ်...
ဒီနေ့ တော်တော်ပင်ပန်းသွားရတာပါ...
ဒီနေ့ခွဲခန်းဝင်ရတဲ့လူနာတွေကလဲ အရေးကြီးလူနာတွေဆိုတော့
ခွဲခန်းဝင်ချိန်ကလဲ အရမ်းကြာတယ်လေ...
ဒီတစ်မနက်လုံး မတ်တပ်ရပ်လာခဲ့ရသမျှ
အခုမှ အတိုးချအနားယူနေမိတယ်....

မျက်စိမှတ်အနားယူနေခိုက် အမှတ်တမဲ့နဲ့
အတွေးအာရုံမှာထင်ဟပ်လာတာက Plan...
မနေ့က မနက်ခင်းမှာ ကျွန်တော့်ကိုလာစောင့်နေတဲ့ ကောင်လေးကြောင့် ကျွန်တော့်ရင်တွေခုန်နေခဲ့တာကို
ကျွန်တော်ကိုယ်တိုင် သတိထားခဲ့မိပါတယ်...
ဒီကောင်လေးကို ဒီရက်ပိုင်းတွေမှာ ခဏခဏ
သတိရနေမိတာ ဘာကြောင့်ပါလိမ့်.....
မျက်လုံးမှိတ်ကာ တွေးနေတာကြောင့်ရော
အလုပ်ပင်ပန်းထားတာရောပါပေါင်းပြီး ခုံပေါ်ထိုင်ရက်သားနဲ့ပဲ
မှေးခနဲအိပ်ပျော်လို့သွားပါတော့တယ်...

"ကလင် ကလင်"

စားပွဲပေါ်က ဖုန်းကတုန်ခါလာသလို သံစဉ်ကလဲထွက်ပေါ်လာတာမို့ မှေးခနဲအိပ်သလိုဖြစ်သွားတဲ့Mean
လန့်နိုးလာရတယ်...အိပ်ချင်မူးတူးနဲ့
ဖုန်းကိုမကြည့်ပဲ ကောက်ကိုင်လိုက်ပြီး
ထူးလိုက်ပါတယ်...

"ဟယ်လို"

"ကိုကို ကျွန်တော်ပါ "

တဘက်ကအသံကြားလိုက်ရတာနဲ့ Meanရဲ့အိပ်ချင်နေတဲ့မျက်လုံးတွေက အလိုအလျောက်ပြူးကျယ်သွားရပါတော့တယ်...
သေချာအောင် ဖုန်းကိုပြန်ကြည့်လိုက်မိတယ်...
အိပ်ချင်မူးတူးနဲ့ နားကြားများမှားနေသလားလို့ပေါ့..
ကောင်လေးမှန်းသေချာသွားမှ ဖုန်းကိုပြန်နားထောင်လိုက်တယ်..

"အင်း ပြော"

"ကိုကို အားလားဟင်"

ကောင်လေးမေးလာလို့ လက်မှာပတ်ထားတဲ့
နာရီကိုတချက်ငုံ့ကြည့်လိုက်တယ်...
လုပ်စရာတွေက မနက်ကအပြီးလုပ်ပြီးသွားပြီမို့
ခုချိန်မှာတော့ ဘာမှအထွေအထူးမရှိတော့ပါ...
ထို့ကြောင့် ကောင်လေးမမြင်နိုင်ပေမဲ့
ခေါင်းတချက်ညိတ်ရင်း ဖြေလိုက်မိတယ်...

 ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)Where stories live. Discover now