Ep ~~~ (6)

287 37 5
                                    

ဘာလိုလိုနဲ့ ဒီနေ့က သင်္ကြန်အတက်နေ့
ရောက်သွားပြီပဲ...အရင်သင်္ကြန်တွေတုန်းကတော့
ကလေးသဘာဝ အပြည့်အဝပျော်ခဲ့ရသလောက်
ခုလိုချစ်မိသွားတော့မှ မပျော်နိုင်ဘူးဖြစ်နေတယ်....
မနေ့ကအဖြစ်အပျက်ကို တွေးတွေးပြီး တကယ်ဝမ်းနည်းနေမိတာ....
ဒီတိုင်းလေး ရေလောင်းလိုက်မိတာကို ဆူလိုက်ငေါက်လိုက်တာများ
မသိရင် သူ့လက်အောက်ငယ်သားကျလို့....
ကိုကို ဘာကြောင့်မို့ ကျွန်တော့်ကို ဒီလောက်ထိမုန်းနေလဲဆိုတာ
တကယ်စဉ်းစားလို့မရဘူး...
ကျွန်တော်ဘာလုပ်မိလို့လဲ....ဘာပဲဖြစ်ဖြစ်
ဒီနေ့တော့ တကယ်စိတ်ထဲနေလို့မကောင်းလို့
ဘယ်မှမသွားတော့ဘူးလို့ဆုံးဖြတ်ထားတာမို့
အိပ်ရာထဲပဲလှဲနေလိုက်တော့တယ်....

"တီ...တီ...တီ"

ခြံရှေ့နားက ဆိုင်ကယ်ဟွန်းသံကိုကြားပေမဲ့
ကျွန်တော်တို့ခြံရှေ့လို့မထင်တာကြောင့်
ထမကြည့်မိတော့ဘူး....ဒါပေမဲ့ သိပ်မကြာခင်
ကျွန်တော့်အခန်းဆီကို လျှောက်လာတဲ့
ခြေသံတွေကို ကြားလိုက်ရတာမို့ ခေါင်းထောင်ကာနားစွင့်နေမိပါတော့တယ်...

"Plan တံခါးဖွင့်"

"ဟင် ငသစ်"

အခန်းတံခါးကို တဒုန်းဒုန်းထုနေသလို
အာပြဲကြီးနဲ့အဆက်မပြတ်အော်နေတဲ့ ငသစ်ရဲ့အသံကြောင့် အိပ်ရာကနေ
အမြန်ထကာ တံခါးသွားဖွင့်လိုက်တယ်...

"ဘာလဲဟာ...ဘာဖြစ်တာ....ဟင် ကိုကို"

အခန်းအပေါက်ဝမှာ ချစ်လှစွာသောသူငယ်ချင်း
အရင်းခေါက်ခေါက်ကြီးနဲ့အတူ ရပ်နေတာက
ကျွန်တော့်ရဲ့ အချစ်ဦးကြီးကိုကိုပါ ရပ်နေခဲ့တာမို့
ပြောလက်စ စကားတောင်ထစ်ငေါ့သွားရတယ်...
ကိုကိုက ဘယ်လိုလုပ်ပြီးပါလာတာလဲ....

"ဟဲ့ ငါလဲပါတယ်နော်"

"အင် အေး ငါမြင်ပါတယ်...ဘာဖြစ်လာတာလဲ"

"ဘာမှမဖြစ်ဘူး...ဒီနေ့သင်္ကြန်နောက်ဆုံးရက်မို့
လျှောက်လည်မလို့လေ..အဲ့ဒါနင့်ကိုလာခေါ်တာ"

ငသစ်ရဲ့စကားကိုနားထောင်ပြီးတော့ ကိုကို့ရဲ့မျက်နှာအမူအရာကို
ခိုးကြည့်လိုက်တယ်...
ကိုကိုက လက်ခံပါ့မလားလို့ပေါ့...
ဒါပေမဲ့ တည်ငြိမ်နေတဲ့ကိုကို့မျက်နှာက တကယ်ဖမ်းရခက်တယ်...
အဲ့ဒါကြောင့် မလိုက်တော့ဖို့ဆုံးဖြတ်လိုက်တယ်...
မနေ့ကကိစ္စတောင်မပြေလည်သေးတာ
တော်ကြာ လိုက်သွားမိလို့
အပြစ်ထပ်လုပ်မိရင် ပိုဆိုးသွားမှာပေါ့....

 ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)Where stories live. Discover now