Mean ဒီနေ့ မနက်အစောကြီးထဖြစ်ရတယ်...
အရေးကြီးလူနာနဲ့ချိန်းထားတာရှိသလို
ခွဲစိတ်ခန်းဝင်ဖို့လဲရှိတာကြောင့်ပါ....
ရေချိုးခန်းဝင်ရေချိုးတော့
အဝတ်စားဝတ်ဆင်ဖို့ ဗီဒိုတံခါးကိုဖွင့်ကာ အင်္ကျီရွေးနေမိတယ်....
အင်္ကျီရွေးရင်း ဗီဒိုထောင့်လေးနားက လက်ကိုင်ပုဝါလေးတွေကိုမြင်တော့
ဟိုကောင်လေးကို သတိရသွားမိတယ်....
ပြီးတော့ ခေါင်းထဲဝင်လာတာက
ကျွန်တော့်ကို ကောင်လေးဘက်က
အဆက်အသွယ်မလုပ်တော့တာ
ဒီနေ့နဲ့ဆို တစ်ပတ်ရှိနေပြီလို့လေ....အမြဲလိုလို messageပို့တတ်တဲ့ကောင်လေးက
အခုလိုတိတ်ဆိတ်နေတာ ဘာဖြစ်လို့ပါလိမ့်....
အစကတော့ အရမ်းစိတ်အနှောင့်အယှက်ဖြစ်မိပေမဲ့
နောက်ကျတော့လဲ အသားကျသွားခဲ့တယ်လေ...
အခုတော့ တခါတလေ အလုပ်လုပ်နေချိန်
ဖုန်းကို silentလုပ်ထားမိပြီး အလုပ်ပြီးကာမှ
သတိရသွားလို့ ဖုန်းကိုအသဲအသန်ကြည့်မိတယ်....
ကောင်လေးများ စာပို့ထားလေမလားလို့....
အဲ့လိုအချိန်ဆို ကိုယ့်ကိုယ်ကိုပြန်ပြောပြီး ရယ်နေမိတယ်....
မင်းကဘာမျှော်လင့်နေတာလဲလို့ပေါ့...
တကယ်လဲ ကောင်လေးဆီက ဘာကိုမျှော်လင့်နေမိတာလဲ.....အဝတ်စားလဲ မနက်စာစားပြီး ဆေးရုံကို
တန်းသွားလိုက်တယ်...ဆေးရုံနားက
ကော်ဖီဆိုင်ရှေ့ကဖြတ်လာတော့
ကောင်လေးကို ထပ်ပြီးသတိရသွားမိပြန်တယ်....
ဒီအချိန်ဆို သူဘာတွေများလုပ်နေမလဲလို့....
ထားပါ...ဘာလုပ်လုပ် ကျွန်တော်နဲ့မဆိုင်ပါဘူးလေ..."မောနင်း ဒေါက်တာ...စောလှချည်လား"
"ဟုတ်တယ်ဗျ...
ဒီနေ့ ခွဲခန်းတွေဆက်တိုက်ဝင်ရမှာမို့လေ""ဟုတ်သားပဲ...ဖိုက်တင်းနော် ဒေါက်တာ"
"ကျေးဇူးပါဗျာ"
ကိုယ့်နေရာကိုယ်ဝင်ထိုင်ပြီး
လူနာမှတ်တမ်းတွေကို
သေချာပြန်စစ်ဆေးနေချိန်
စားပွဲပေါ်မှာတင်ထားတဲ့
ကျွန်တော့်ရဲ့ဖုန်းလေးက တုန်ခါမှုနဲ့အတူ မီးလင်းလာခဲ့တယ်....လူနာမှတ်တမ်းကနေ
အကြည့်မခွာပဲ ဖုန်းကိုဖွင့်နားထောင်လိုက်တယ်...."ဟယ်လို အမိန့်ရှိပါခင်ဗျာ"
"ကိုကို"
တဖက်ကအသံတိုးလျလျလေးကို
ကြားလိုက်ရတော့ ကျွန်တော့်တစ်ကိုယ်လုံး ကျင်စက်နဲ့တို့ခံလိုက်ရသလိုပါပဲ..
သေချာအောင် ဖုန်းကို နားကနေခွာပြီး
contant nameကိုကြည့်လိုက်မိတော့ "Plan"တဲ့....ဒါဆို နားကြားမမှားပါဘူး...
ကောင်လေးဆက်တာပါ....
တံတွေးတစ်ချက်မျိုချလိုက်ပြီး
ဖုန်းကို နား နားမှာ ပြန်ကပ်လိုက်တယ်.....

YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fanfictionသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်