Ep~~~ (3)

382 34 1
                                    

Mean ခြံထဲက စွယ်တော်ပင်အောက်မှာ
Dreambedလေးချပြီး
ဘာသာပြန်ဝတ္ထုတစ်အုပ်ကို
စိတ်ဝင်တစားဖတ်နေချိန်
ကလင် ကလင်ဆိုတဲ့အသံကြားလို့
စာအုပ်ကိုကျော်ပြီး ခြံအပေါက်ဝကို
လှမ်းကြည့်လိုက်တယ်...
အော် ဟိုကောင်လေး...
Thitရဲ့သူငယ်ချင်းဆိုတဲ့ကောင်လေး...
ဘယ်ဘဝတည်းက ရေစက်မပါလာလဲမသိပါဘူး
အဲ့ဒီကောင်လေးကိုစတွေ့တည်းက အမြင်မကြည်ဖြစ်နေမိတာ..
ဘယ်သူ့ကိုမှ အဲ့ဒီလိုမဖြစ်ဖူးပါဘူး...
သူနဲ့ကျမှပဲ ဘာဖြစ်လို့လဲမသိ..
ကျွန်တော်က အရာရာကို စည်းစနစ်တကျနဲ့
တည်တည်ငြိမ်ငြိမ်နေတတ်တဲ့လူမို့ထင်ပါရဲ့...
အဲ့ဒီကောင်လေးရဲ့ပေါ့ပျက်ပျက်အပြုအမူတွေကို
ဘယ်လိုမှကြည့်မရဖြစ်နေတာ...
ကြည့်မရပါဘူးဆိုကာမှ မနက်က ကိုယ့်ရင်ထဲတည့်တည့်ပစ်ဝင်လာရသေး...
လူကိုတွေ့ရင် စပ်ဖြီးစပ်ဖြီးနဲ့ အပိုးကိုမကျိုးဘူး...
ဆူငေါက်လိုက်ရင် ခေါင်းလေးငုံ့
မျက်နှာငယ်လေးနဲ့..ဟူး...Thitကလဲ ဘယ်လိုကောင်လေးနဲ့သူငယ်ချင်းဖြစ်နေပါလိမ့်...

"Hi ကိုကို ဟီးဟီး"

လူမြင်တာနဲ့ သူ့ရဲ့ရှိသမျှသွားတွေပေါ်အောင်
ဖြီးပြနေတာ မသိရင်နွားပွဲစားကျလို့...
အာ့ပုံစံတွေကိုမကြိုက်တာ...
ယောက်ျားလေးပဲ တည်တည်တံ့တံ့နေပါတော့လား..
အမြင်မကြည်စိတ်နဲ့ ဖြီးပြနေတဲ့ကောင်လေးကို
မျက်မှောင်တချက်ကျုံ့ကြည့်ပြီး ခပ်တည်တည်နဲ့ စာအုပ်ပြန်ဖတ်နေလိုက်တယ်...
ဒါပေမဲ့ မကြည့်ပေမဲ့ တစွန်းတစမြင်နေရတဲ့
အရိပ်လေးတစ်ခုက စပ်ဖြီးဖြီးနဲ့
သူ့ခေါင်းသူပွတ်နေလေရဲ့...ဘာလဲဟ
ဒီကောင်လေးက အမှတ်သညာမရှိဘူးလား....
တော်ပြီ...စာအုပ်ဖတ်နေတာပဲကောင်းတယ်...
သိပ်မကြာခင် Thitလာခေါ်တာနဲ့ ကောင်လေးအိမ်ထဲဝင်သွားတာကို
မြင်ဖြစ်အောင်မြင်လိုက်သေးတာ ကျွန်တော့်မျက်လုံးကြီးကလေ...

တော်တော်လေးကြာတော့ စာအုပ်ဖတ်နေတဲ့
ကျွန်တော့်ကို Thitလာခေါ်တယ်..
ဘုန်းကြီးကျောင်းသွားရအောင်တဲ့...
တီလေးတို့လဲ အသင့်ဖြစ်နေပြီမို့ စာအုပ်ဘေးချပြီး ကောက်လိုက်လာမိတယ်...ကားရှေ့ခန်းမှာ ဒရိုင်ဘာနဲ့ဦးလေးနဲ့နောက်ခန်းမှာက
အန်တီရယ် Thitရယ် ဟိုငရှုပ်လေးရယ်
ကျွန်တော်ရယ်...၄ယောက်မို့ ထိုင်ရတာ နဲနဲတော့ကြပ်နေရသည်လေ...
အဆိုးဆုံးက ဟိုငတိလေးနဲ့
ကပ်လျက်ထိုင်နေမိတဲ့ဒုက္ခပါပဲ...
၎ယောက်ထိုင်ကြတာမို့ လေတိုးမရအောင် ပူးကပ်နေကြတာ...ကားဘရိတ်အုပ်ရင် ပိုဆိုးသေး...ဘရိတ်အုပ်တိုင်း
ကျွန်တော့်ပေါင်ပေါ်ကို ရောက်ရောက်လာတဲ့ ငတိလက်တွေ....လှည့်ကြည့်လိုက်ရင် သူမဟုတ်သလို
သွားအဖြီးသားနဲ့...အော်ငေါက်ချင်တာမှအရမ်းပဲ...
ဒါပေမဲ့လူကြီးတွေရှိနေလို့ ဒေါသတွေမြိုချနေရတယ်...
ကောင်းကျိုးမပေးတဲ့ဟာလေး...

 ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)Where stories live. Discover now