"ဒေါက် ဒေါက်"
Plan အခန်းတံခါးခေါက်သံကိုကြားလို့
အိပ်ပျော်နေရာကနေ မျက်လုံးတွေကို
အားတင်းကာ မနည်းဖွင့်လိုက်ရတယ်....
နှိုးနှိုးချင်းမြင်လိုက်ရတဲ့အခန်းဖွဲ့စည်းပုံကြောင့်
ငါဘယ်နေရာနေတာလဲလို့ တွေးလိုက်မိတယ်...
အာ...ဟုတ်သား...ကိုကို့အိမ်ရောက်နေတာပဲ..
ကိုယ့်အဖြစ်ကိုယ်တွေးကာ သဘောတကျရယ်လိုက်ရင်း
ကုတင်ပေါ်ကနေ အားယူထလိုက်တယ်...
ပြီးနောက် ကုတင်ဘေးက ချိုင်းထောက်လေးကို
လှမ်းယူပြီး တံခါးဆီသို့သွားလိုက်ပေမဲ့
ခြေထောက်က ကျောက်ပတ်တီးစည်းထားရတော့
ထော့နဲ့ ထော့နဲ့ဖြစ်လို့နေပါတယ်...
တော်သေးတာပေါ့ နောက်တစ်ဖက်ကကောင်းနေလို့..."လာပြီ လာပြီ"
တံခါးဖွင့်လိုက်တော့ အခန်းရှေ့မှာ
မှုန်ကုပ်ကုပ်နဲ့ရပ်နေတဲ့
ကိုကို့ကိုတွေ့လိုက်ရပါတယ်..."ကိုကို"
"နာရီလဲကြည့်အုံး...
မနက်ဆေးသောက်ရတော့မယ်လေ""အာ ဆောရီး ကိုကို...ကျွန်တော် မနေ့က အိပ်ရာပြောင်းတော့ ချက်ချင်းအိပ်မပျော်လို့"
"အင်း သန့်ရှင်းရေးလုပ်ပြီး ဆင်းလာခဲ့...
မေမေတို့ မင်းကိုစောင့်နေတယ်""ဟုတ် ဟုတ် ကျွန်တော်အမြန်လာခဲ့ပါ့မယ်"
ကျွန်တော်အခန်းထဲ လှည့်ဝင်မလို့လုပ်တဲ့အထိ
ကိုကိုက ကျွန်တော့်အခန်းရှေ့ကနေ မရွေ့သေးပါ...
ထို့ကြောင့် ကိုကို့ကို ပြန်လှည့်ကြည့်ရင်း မေးလိုက်တယ်.."ကိုကို ဘာပြောစရာရှိသေးလို့လဲ"
"သန့်ရှင်းရေးလုပ်ဖို့ မင်းတစ်ယောက်တည်းဖြစ်ပါ့မလား"
"ဗျာ...ဟို...ဟို...."
ဟုတ်သားပဲ...ဟိုတစ်ခါဖြစ်တုန်းက မေမေကူညီပေးလို့ အဆင်ပြေခဲ့တာပါ...
အခုကျတော့ တစ်ယောက်တည်း
ဘယ်လိုလုပ်ရပါ့မလဲ...
ရေစိုလို့မဖြစ်တဲ့ခြေထောက်ကို
ငုံ့ကြည့်ရင်း Planခေါင်းခဲသွားရလေတယ်....
ဘယ်လိုလုပ်ရမလဲ...မတတ်နိုင်ဘူး အဆင်ပြေသလိုပေါ့.."တဟိုဟိုနဲ့ ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူး..အဆင်ပြေပါတယ်"
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fanficသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်