Plan ဖုန်းကိုကိုင်ထားရင်း ခုနတုန်းက
တဖက်ကနေ ဒေါသတကြီးအော်သံတွေကို
ပြန်ကြားယောင်ကာ ရင်လဲတုန်လာရတယ်....
ကိုကို ဘယ်လိုများသိသွားတာပါလိမ့်...
ဘယ်မှာလဲလို့ မေးတာက ကိုကိုလိုက်လာမလို့လား....
မဖြစ်နိုင်ပါဘူး...ကိုကိုက ဒီလောက်အလုပ်ရှုပ်တာကို...ပြန်ဖို့အတွက် ကားဂိတ်ကထိုင်ခုံလေးမှာ
ဟိုကြည့်ဒီကြည့်လုပ်ရင်း ထိုင်နေမိတယ်....
လူပြည့်မှထွက်တဲ့ကားမို့ နဲနဲတော့စောင့်ရအုံးမှာ....
အချိန်မပြည့်သေးတာလဲ ပါတာပေါ့လေ....ထိုင်နေရင်း ဒီနေ့လုပ်ခဲ့သမျှကိုတွေးလိုက်မိတယ်....
ဒီတစ်ပတ်လုံးလုံး ကိုကို့ကိုကြောက်လို့
အဆက်အသွယ်မလုပ်ခဲ့ပါ...
မနေနိုင်လို့ ဖုန်းကိုကောက်ကိုင်လိုက်ပေမဲ့
မဖြစ်သေးပါဘူးကွာလို့ရေရွတ်ပြီး အကြိမ်ကြိမ်ပြန်ချထားခဲ့ရတယ်...
ဒီရက်တွေမှာ ကိုကို့ကို သေလောက်အောင်သတိရနေတာပါ...
အဲ့ဒါကြောင့်လဲ ဒီနေ့ အားတင်းပြီးလာခဲ့တာ...
Thitကိုလဲမပြောဖြစ်သလို အသိလဲမပေးတော့ပါဘူး...
တစ်ယောက်တည်းတိတ်တိတ်လေးလာပြီး
ကိုကို့ကိုအဝေးကကြည့်ပြီးရင် တိတ်တိတ်လေးပြန်မလို့ပါပဲ...
မနက်ကအရဲစွန့်ကာ ဖုန်းခေါ်ခဲ့ပေမဲ့
ကိုကိုကအလုပ်ရှုပ်နေတယ်လို့ပြောလို့
အမြန်ပြန်ချလိုက်ရတယ်...
ကိုကို့အဆောင်ဘက်ကို သွားခိုးကြည့်ပေမဲ့
ကိုကိုကမရှိပါ...ခွဲခန်းဝင်နေပါတယ်တဲ့....
အားခဲလာသမျှ ဖြစ်မလာတော့ အားလျော့သွားရတယ်...ဆေးရုံဝန်းထဲက ထိုင်ခုံလေးတစ်ခုမှထိုင်ရင်း
ကိုကို့အခန်းဘက်ကို စောင့်ကြည့်နေခဲ့ပေမဲ့
နေ့လည် ၁၁နာရီကျော်လာတဲ့အထိ
ကိုကိုက ခွဲခန်းထဲက ထွက်မလာသေးပါ....
ဒီအချိန်ဆို ကိုကိုဗိုက်ဆာနေတော့မှာပဲလို့
တွေးမိလိုက်တယ်...အဲ့ဒါကြောင့် ကိုကိုကြိုက်တဲ့
Sushiဆိုင်ကိုရှာပြီး အပြေးသွားဝယ်ခဲ့လိုက်တယ်...Sushiဗူးလေးထည့်ထားတဲ့
လက်ဆွဲအိတ်လေးကိုင်ပြီး
ကိုကို့နားနေခန်းကို သွားနေချိန် ရင်တွေခုန်လိုက်တာ...
ကိုကိုမရှိမှန်းသိပေမဲ့လဲ
တကယ်ရင်ခုန်ခဲ့မိတာပါ....
အခန်းထဲမဝင်ရဲသေးလို့ အခန်းရှေ့မှာ
ရစ်သီရစ်သီလုပ်နေမိတာ ၁၅မိနစ်လောက်....
ပြီးမှ စိတ်တင်းကာ အခန်းထဲဝင်လိုက်ပြီး
အခန်းထဲမှာတွေ့တဲ့ Nurseတစ်ယောက်လက်ထဲကို
Sushiဗူးလေးအတင်းထိုးထည့်ပြီး
Dr.Meanအတွက်ပါပြောပြီး ပြန်ပြေးထွက်လာခဲ့တာကို
အခုပြန်တွေးမိတော့ ကိုယ့်အဖြစ်ကို
ရယ်လဲရယ်ချင် ရင်လဲခုန်နေမိတုန်းပါပဲ....
ကိုကိုနဲ့ပတ်သတ်ရင်
ဘာမဟုတ်တာလေးကိုတောင် ကျွန်တော်ရင်ခုန်နေမိတာ...

YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fanfictionသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်