"မေမေ ချာတိတ်ရော"
Mean ဆေးရုံကနေ ပြန်ရောက်လာချိန်
ဧည့်ခန်းထဲမှာ ကောင်လေးကိုမတွေ့လို့
မေမေ့ကိုမေးလိုက်ရတယ်...အခါတိုင်း
ဒီလိုအချိန်ဆို မေမေနဲ့သူနဲ့ ဧည့်ခန်းထဲမှာထိုင်ပြီး
TV Channelတွေက လာတဲ့ဇာတ်ကားတွေကို
စကားတပြောပြောနဲ့ကြည့်နေကြလေ...
ကောင်လေးက အသွက်လေးဆိုတော့ ဟာသလေးတွေ
သူ့ရဲ့အလွဲလေးတွေကို မေမေ့ကို တီတီတာတာပြောပြတတ်တော့ အမြဲတမ်း အိမ်မှာတစ်ယောက်တည်းပျင်းနေရှာတဲ့
မေမေတစ်ယောက် အပျင်းတွေပြေကာ သဘောတွေအကျကြီးကျပြီး တခစ်ခစ်နဲ့.....
အဲ့ဒါကြောင့်မို့လဲ မေမေဆို ကောင်လေးကို
သူ့သားလေးလိုချစ်သွားပြီး ငယ်လေး ငယ်လေးနဲ့
ပါးစပ်ဖျားကကိုမချဘူး...ဒီတစ်ပတ်လုံးလုံး
"မေကြီး" "ငယ်လေး" "မေကြီး" "ငယ်လေး"နဲ့
တကယ့်သားအမိလို အဖြစ်သည်းနေကြတာများ
ကျွန်တော်တောင် တခါတလေ မနာလိုတဲ့အထိ....
အမြဲတတွဲတွဲတွေ့နေကြနှစ်ယောက်ကို
ဒီနေ့ကျမှ ထူးဆန်းစွာတွဲမမြင်ရလို့ မေမေ့ကိုမေးလိုက်တာပါ..."ငယ်လေးလား...ဖုန်းပြောစရာရှိလို့တဲ့ သူ့အခန်းထဲမှာ"
"အော်...အဲ့ဒါဆို သား အခန်းထဲသွားနားတော့မယ်နော် မေမေ"
"အေး အေး သွားနားတော့လေသား...
အော် ငယ်လေးကို တချက်ဝင်ကြည့်လိုက်အုံး...
ခုနက သူ့ဟာသူ တစ်ယောက်တည်းသွားလိုက်တာ...
အဲ့ဒါ ခြေထောက်များနာနေမလားလို့""မေမေရယ်...သူ့ခြေထောက်က အရမ်းအဆိုးကြီးမဟုတ်ပါဘူး...
ခုလဲသက်သာလာပါပြီ...အဲ့ဒါကြောင့်
သူ့အတွက် စိုးရိမ်မနေပါနဲ့တော့...
မေမေသာ ကိုယ့်အတွက်ကိုယ် စိုးရိမ်ပါ""အော် ကလေးက သူစိမ်းအိမ်မှာလာနေရတာ
ဘယ်လောက်အားငယ်နေရှာမလဲ...
သေသေချာချာ ဂရုစိုက်မှပေါ့သားရယ်"အားငယ်ရှာလို့ပဲမေမေရယ်...သူ့ကြည့်လိုက်ရင်
တဟီးဟီးတဟားဟားနဲ့ မသိရင်သူ့အိမ်သူ့ယာအတိုင်းပဲ...
အစားအေသာက်ဆိုလဲ မေကြီးလက်ရာက အရမ်းကောင်းတာပဲဆိုပြီး တစ်ခါစား နှစ်ပန်းကန်...
ကောင်လေးကိုကြည့်ပြီး ဖေဖေဆိုတပြုံးပြုံးနဲ့...
နဂိုတည်းက အနေအေးပြီး စကားသိပ်မပြောတဲ့
ဖေဖေတောင် ကောင်လေးနဲ့စကားစမြည်ပြောတတ်နေပြီ..
ကောင်လေးရောက်လာတဲ့ ဒီတစ်ပတ်အတွင်း
မသိရင် ကျွန်တော်ကတောင် သူစိမ်းဖြစ်သွားသလိုလို... အဲ့လိုလူက အားငယ်နေလိမ့်မယ်တဲ့လားဗျာ...
ခက်တော့နေပါပြီ...ဒါပေမဲ့လဲ ဆေးရုံမှာ
တနေကုန်လဲပင်ပန်းလာခဲ့ပြီမို့ မေမေနဲ့အပြိုင်
ပြောမနေတော့ပဲ မေမေစိတ်ကျေနပ်အောင်
ခေါင်းညိတ်လက်ခံလိုက်ရပါတော့တယ်....
မတတ်နိုင်ဘူးလေ...မျောက်လောင်းလေးကို
ခေါ်လာခဲ့တာ ကျွန်တော်ဖြစ်နေတာကိုး....

YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fanfictionသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်