မနေ့က ကိုကိုစိတ်ဆိုးသွားလို့
အိမ်ကိုအမြန်ပြန်လစ်ခဲ့ရတယ်...
ကျွန်တော်တွေးထားခဲ့တာက
ကိုကိုမုန့်ဟင်းခါးစားပြီးရင်
ကိုကို့ကိုရေလောင်းမယ်လို့ပေါ့...
ဒါပေမဲ့ အခြေအနေက တလွဲတွေဖြစ်ခဲ့လို့ လန့်ပြီးပြန်ပြေးခဲ့ရတာ...
အဲ့ဒါကြောင့် မနေ့ကအကြံအစည်ကို ဒီနေ့အကောင်အထည်ဖော်ဖို့
ငသစ်တို့အိမ်ဘက်ကို ခြေဦးလှည့်ခဲ့ပြန်တယ်...
လက်တစ်ဖက်ထဲမှာ
ကံ့ကော်ပန်းတွေတပွေ့တပိုက်နဲ့ပေါ့...မနေ့ညက ငသစ်ကိုဖုန်းဆက်မေးထားတာမို့
ကိုကိုက စိတ်အကြာကြီးမဆိုးတတ်တာ
သိထားပါပြီ...အဲ့ဒါဆို ကျွန်တော့်ကို
စိတ်မဆိုးလောက်တော့ဘူးထင်ပါရဲ့...
ဒီနေ့တော့ ကိုကို့ကိုရေလောင်းဖြစ်အောင်
လောင်းလို့တွေးရင်း အတွေးတွေနဲ့
အပျော်လုံးဆို့နေမိတယ်..."ကလင် ကလင်"
"ဟယ် ကံ့ကော်ပန်းတွေအများကြီးပဲ"
"နင့်မျက်လုံးက ပန်းပဲမြင်တာလား"
"အေးလေ ငါကပန်းပဲကြိုက်တာကိုး"
"အမေလး ကျေးဇူးတွေတင်လိုက်တာ ငသစ်ရယ်...
ငါ့ကို နင်ကြိုက်မှာတောင်စိုးနေတာ""သေလေ နင့်အခွက်ကကြိုက်ချင်စရာကိုး"
"Thit လမ်းဖယ်ပေးဦး...ကိုကို ခြံထဲဆင်းမလို့"
"အော် ဆောရီးကိုကို...Plan အထဲသွားရအောင်"
"အင်း...ကိုကို မောနင်း"
"အူကြောင်ကြောင်နဲ့"
ထိုမှတ်ချက်စကားကိုပြောပြီး
ကျွန်တော့်ကိုကျော်ဖြတ်ကာ
ခြံထဲဆင်းသွားတဲ့ကိုကို...
ကျန်ခဲ့တဲ့ကျွန်တော်ကတော့
ကိုကို့ဆီကစကားသံကြောင့်
ပြုံးဖြီးလို့နေခဲ့တယ်...
ဒီလိုစကားပြောသေးပုံထောက်ရင်
ကိုကိုကျွန်တော့်ကို စိတ်မဆိုးတော့ဘူးပေါ့..
ဒါပုံမှန်အခြေအနေပါပဲ...."ဟဲ့ အိမ်ထဲသွားမယ်လေ"
"အေးပါဟ"
လူကတော့ ငသစ်နဲ့အတူတူ
အိမ်ထဲဝင်လာခဲ့လိုက်တယ်...
စိတ်ကတော့ ကိုကို့ဆီမှာရစ်ဝဲလို့ပေါ့...."ငဂေါက် နင် ကိုကို့ကိုကြိုက်နေတာမလား"
"ဟမ် နင်ဘယ်လိုသိတာလဲ"

YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fiksi Penggemarသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်