ဒီမနက်မှာ အိပ်ရာအစောကြီး ထဖြစ်တယ်...
မထလို့လဲမရဘူးလေ...မေမေက ဘုန်းကြီးကျောင်းနဲ့အိမ်နီးနားချင်းတွေကို
အလှူလုပ်ဖို့ မုန့်ဟင်းခါး ထချက်မှာမို့...
မေမေတစ်ယောက်တည်း ပင်ပန်းမှာစိုးလို့
အလိုက်တသိ ထပြီးကူညီပေးရတာပေါ့...
မနက်ပိုင်း ဆွမ်းချိုင့်အမှီချက်ပြုတ်ပြီးတော့
ဆွမ်းချိုင့်အတွက် သပ်သပ်ဖယ်ထား အိမ်နီးနားချင်းတွေကို လိုက်ဝေနဲ့ပဲ
မနက်၈နာရီတောင်စွန်းနေခဲ့ပြီလေ...
မေမေကတော့ ပြင်ဆင်ထားတဲ့ဆွမ်းချိုင့်ကိုယူပြီး
ဘုန်းကြီးကျောင်းကိုသွားဖို့ပြင်နေပါပြီ..."သားရော လိုက်ခဲ့မလား"
"မလိုက်တော့ဘူးမေမေ ငသစ်တို့အိမ်ကို သွားပို့လိုက်ဦးမယ်"
"ဟယ် ဒီကလေးကတော့လေ
သူများသားသမီးကို ဘယ်လိုခေါ်နေတာလဲ...
အဲ့လိုခေါ်တာမေမေမကြိုက်ဘူးလို့
ပြောနေတာဘယ်နှစ်ခါရှိပြီလဲ""မေမေကလဲ ချစ်လို့ခေါ်တာပဲကို..
သူနဲ့အာ့နာမည်နဲ့မှကွက်တိ ဟဲဟဲ""တော်ပြီဟေ့ ဆက်ပြောနေရင်
ဘုန်းကြီးကျောင်းကို ရောက်မှာမဟုတ်တော့ဘူး..
သွားပို့ရင်လဲသေချာဂရုစိုက်သွား..
အမြဲအလွဲအလွဲအချော်ချော်ဖြစ်လွန်းလို့..ကြားလား""သားသိပါတယ်မေမေရယ်...
စိတ်အေးအေးသာသွားပါ"မေမေကတော့ သီလယူတာမမှီမှာစိုးလို့ ဘာမှဆက်မပြောတော့ပဲ
ကျွန်တော့်ကိုမျက်စောင်းခဲရင်း
ထွက်သွားပါတော့တယ်...မေမေက
ဆူပူနေတတ်ပေမဲ့ တစ်ဦးတည်းသောသားမို့
အရမ်းချစ်တာကိုသိနေတော့ ထွက်သွားတဲ့မေမေ့ကို
ပြုံးရင်းသားကြည့်နေမိတော့တယ်...
ပြီးမှသတိရလို့ ကြောင်အိမ်ထဲက
၅ဆင့်ချိုင့်ကိုထုတ်ပြီး ကိုကိုတို့အိမ်အတွက်
သေချာပြင်ဆင်ထည့်လိုက်တယ်..ပြီးတော့
ရေချိုးအဝတ်စားလဲပြီး စီးတော်ယာဉ်
ပြိုင်ဘီးလေးကို ဖြေးဖြေးလေးနင်းထွက်လာခဲ့တယ်...
လက်တစ်ဖက်ကတော့ မုန့်ဟင်းခါးတွေပါတဲ့ ၅ဆင့်ချိုင့်ကိုဆွဲထားရင်းပေါ့...
တော်သေးတယ် ငသစ်တို့အိမ်ကသိပ်မဝေးလို့...
ဒီအချိန်ဆို ကိုကိုအိပ်ရာထပြီး
တစ်ခုခု စားပြီးနေပြီလားမသိဘူး...
မနက်စာအမှီစားရအောင်ဆိုတဲ့အတွေးနဲ့ စက်ဘီးကိုအရှိန်တင်လိုက်တယ်..
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fanfictionသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်