"အမယ် အမယ် အရမ်းချမ်းနေတယ်ပေါ့လေ
အဟမ်း အဟမ်း အဟွတ်ဟွတ်"ကျွန်တော်ဝင်လာတာနဲ့ ကျွန်တော်ခြုံထားတဲ့
တဘက်ကိုကြည့်ပြီး ငသစ်မတစ်ယောက် သဘောပေါက်သွားခဲ့လေပြီ...
ကိုကို့ကိုတချက်လှမ်းကြည့်ပြီး
ကျွန်တော့်ကို စ,ပါလေရော...
ကျွန်တော်ကဘာမှမဖြစ်ပေမဲ့
ကိုကိုစိတ်ဆိုးသွားမှာစိုးလို့
ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ကိုကို့ကိုလှမ်းကြည့်လိုက်တယ်...
ကိုကိုကတော့ ဘာမှမကြားသလို ရုပ်တည်ကြီးနဲ့ menuစာအုပ်ပဲဖတ်နေပါတယ်..
ဒါပေမဲ့ ကိုကိုရှက်နေမှန်း ကျွန်တော်သိလိုက်တယ်....
ဘာလို့ဆို ကိုကို့မျက်နှာနဲ့နားရွက်ဖျားလေးတွေ
နီနေလို့ပေါ့..ဟန်ဆောင်လို့မရဘူးလေဗျာ ကိုကိုကလဲ.."အင်း ငါချမ်းနေလို့"
"ဒါနဲ့ ဒီတဘက်က..."
ငသစ်မရယ် နင့်ပါးစပ်လေးပိတ်ထားစမ်းပါ....
အခုမှပြေလည်မလို့ရှိသေးတယ်...
နင် ဒီလိုစနေရင် ကိုကိုရှက်ပြီး ငါနဲ့ဝေးဝေးမှာနေရင်ဒုက္ခပါပဲဟာ...
အဲ့ဒီလိုစိုးရိမ်စိတ်တွေနဲ့ ငသစ်မကို
မပြောနဲ့တော့ဆိုပြီး မျက်ခုံးပင့်ပြလိုက် မျက်လုံးပြူးပြလိုက်နဲ့တားနေမိတယ်...
အဲ့ဒီအချိန်မှာပဲ ကိုကို့ဆီက
စကားသံကြားလိုက်ရတယ်.."ကိုကိုပေးလိုက်တာ...တလမ်းလုံးနှာချေနေလို့"
"အော် အဲ့လိုလား...
ကောင်းပါတယ် ကောင်းပါတယ် အဟီး""Thit"
"ကိုကိုကလဲ Thitဘာလုပ်လို့လဲလို့"
Thitက သူဘာလုပ်လို့လဲလို့ ကျွန်တော့်ကိုပြန်မေးလာပေမဲ့
ကျွန်တော်ဘာပြန်ဖြေရမလဲမသိဘူး...
Thitရဲ့လေသံတွေအရ တစ်ခုခုတော့ ရှိနေတာတော့သေချာပါတယ်...
ဒါပေမဲ့ အဲ့ဒီတစ်ခုခုကဘာလဲဆိုတာကို ကျွန်တော်မပြောပြတတ်ဘူး....
အဲ့ဒါကြောင့် Thitကိုစကားပြန်ပြောမနေတော့ပဲ
လက်ထဲကmenuစာအုပ်ကိုသာ ပြန်ငုံ့ဖတ်နေလိုက်တော့တယ်...
အမှန်ကစားစရာတွေကမှာပြီးသွားပါပြီ....
ခုနကအဖြစ်ကြောင့် ဘာလုပ်ရမှန်းမသိလို့ ဒီစာအုပ်ကိုလှန်လှောကြည့်နေမိတာပါ...
ပြောရရင် အရှက်ပြေပေါ့ဗျာ..
ဘာလို့ရှက်လဲလို့မေးရင် ကျွန်တော့်တဘက်ကို
ဟိုငတိလေးကိုပေးလိုက်မိလို့.....
အဲ့ဒါကလဲ ဆရာဝန်ဆိုတဲ့အသိစိတ်ကြောင့်မို့ပါ...
မဟုတ်ရင် တလမ်းလုံးနှာချေနေပုံနဲ့ဆို
အအေးပတ်သွားလိမ့်မယ်ထင်လို့ ပေးလိုက်တာပါ...
တခဏလောက် နွေးရင်လဲနွေးတာပဲမဟုတ်လား...
တစ်ယောက်တည်းတွေးနေမိရင်း ဘာရယ်မဟုတ်
ကျွန်တော့်မျက်နှာချင်းဆိုင်က ငတိလေးကို မျက်လုံးလှန်ကာ တချက်ခိုးကြည့်လိုက်တယ်...
ကောင်လေးက ကျွန်တော့်ရဲ့တဘက်ကို
သေချာခြုံထားပြီး လက်ပိုက်ခေါင်းငုံ့ကာ ပြုံးပြုံးကြီးဖြစ်နေတာကိုတွေ့လိုက်တယ်...
သူက ဘာလို့အဲ့ဒီလောက်ပြုံးနေရတာလဲ...

YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fanfictionသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်