Plan ဒီနေ့ သင်တန်းပိတ်ရက်မို့ အိပ်ရာမထပဲ
ခဏလောက် နှပ်နေလိုက်တယ်....
မနေ့က ကိုကို့အဆူခံခဲ့ရတာကြောင့်လဲ ပါတာပေါ့လေ..ပြောရရင် ကိုကို့ကိုဆန္ဒပြတာပေါ့.."ဟွန့် လာမနိုးနဲ့ မထဘူး"
Planဆိုတာ နဂိုတည်းက ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်မို့ထင်
ကိုကိုဆူလဲ ဘယ်လောက်မှမကြာဘူး ဝမ်းနည်းတာတွေပျောက်ပြီး
စိတ်ပြန်ကြည်သွားရော...
မေမေကတော့ ပြောပါတယ်..
အဲ့ဒါလေးက ကောင်းတဲ့အကျင့်တဲ့လေ...
ခုလဲ ကိုကို့အဆူခံထားရလို့ဆိုပေမဲ့ ဝမ်းနည်းစိတ်လဲမရှိတော့သလို
စိတ်ဆိုးစိတ်ကောက်တာလဲမရှိတော့ပါ...
ဒါပေမဲ့ ဒီနေ့ကျမှ ဘာကြောင့်မှန်းကိုမသိဘူး...
ကိုကို့ကို နည်းနည်းလေးဂျစ်တိုက်ချင်နေမိတာ..
အဲ့ဒါကြောင့် ၈နာရီထိုးတဲ့အထိ အိပ်ရာထဲကနေ
မထွက်ပဲ ပေအိပ်နေလိုက်တာပေါ့....
မယုံရင် ကြည့်နေ ကိုကိုတစ်ယောက်
သိပ်မကြာခင် ဒေါနဲ့မောနဲ့ လာတော့မှာသိလား...."ချပ်....ချပ်.....ချပ်"
ဟင် ၈နာရီတောင်ခွဲပြီ...
ကုတင်နဲ့ကပ်လျက် စာကြည့်စားပွဲခုံပေါ်မှ
နာရီလေးဆီက နာရီလက်တံလေးတွေက
တရွေ့ရွေ့ကုန်လွန်သွားလိုက်တာ ၈နာရီခွဲသို့
ရောက်လာလေပြီ...ထိုအခါမှ စိတ်ထဲမှာ
နည်းနည်းတော့ထူးဆန်းနေပြီလို့ တွေးလိုက်မိတယ်..
သိချင်လာတာမို့ ကိုကိုလာနှိုးတဲ့အထိ စောင့်မနေနိုင်တော့ပဲ ရေချိုးခန်းထဲဝင်
သန့်ရှင်းရေးအမြန်လုပ်ကာ အိမ်အောက်ထပ်ကို
အပြေးအလွှားဆင်းသွားလိုက်မိတယ်....မြင်လိုက်ရတဲ့မြင်ကွင်းက ရင်ဝကို စောင့်ကန်လိုက်သလားမှတ်ရတယ်...
ထမင်းစားခန်းထဲသို့ လှမ်းမဲ့ခြေလှမ်းတွေ
ရပ်တန့်သွားတာ မျက်စိရှေ့က မြင်ကွင်းကိုသာ
ကြောင်ကြည့်နေမိတယ်...
ဘယ်အချိန်တည်းက ရောက်နေမှန်းမသိတဲ့ မမMaiဟာ ကိုကို့ဘေးမှာကပ်လျက်ထိုင်ပြီး
Breakfast အတူတူစားနေသည်လေ...
ဘာတွေပြောပြီး ရယ်နေကြမှန်းမသိပေမဲ့
ကိုကိုကတော့ မျက်လုံးတွေပိတ်ကျသွားတဲ့အထိ ရယ်နေတာများ အပြစ်ကင်းတဲ့ကလေးလေးလိုလို..
အော် ကိုကိုရယ် ကျွန်တော်နဲ့တွေ့ရင်လဲ အဲ့ဒီလိုရယ်ပါတော့လားဗျာ...

YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fanfictionသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်