Ep_2

603 86 1
                                    

အဲ့ဒါနဲ့ Asahi လည်း ဖွင့်ကြည့်လိုက်တော့

{Solo artist Yoon Jaehyuk အနုပညာလောကမှ ခဏတာနှုတ်ထွက်အနားယူကြောင်းကြေငြာ}

"ဘာ ဘာပြောလိုက်တယ်''

Asahi တစ်ယောက် တုန်တုန်ယင်ယင် နဲ့သူ့မျက်စိရှေ့မှာ တွေ့လိုက်ရတာကို မယုံနိုင်ဘူး

ဘတ်စ်ကား မှတ်တိုင်ကို သွားနေတဲ့တစ်လျှောက်လုံး Asahi တစ်ယောက် စိတ်နဲ့လူနဲ့ မကပ်ဘူး

ခုနကတွေ့လိုက်တဲ့ သတင်းတွေက Asahi ခေါင်းထဲမှာနေရာယူထားတယ်

သူနေများကောင်းရဲ့လား
ဘာဖြစ်လို့ပါလိမ့် စသဖြင့် Asahi တစ်ယောက် တွေးမိတွေးရာတွေးနေရင်း ဘတ်စ်ကားရောက်လာလို့ ရောက်လာမှန်းတောင်မသိလိုက်

စိတ်ရှုပ်နေပါတယ်ဆိုမှ တန်းစီနေရတဲ့ လူတန်းကလည်းအရှည်ကြီး

နောက်ဆုံးတော့ Asahi တက်ရမယ့် အလှည့်နီးလာပြီ သို့သော် အရှေ့ကတစ်ယောက်က
ဘတ်စ်ကားဝ မှာ မလှုပ်ပဲ ဒီအတိုင်းကြီးရပ်နေလေရဲ့

"ကောင်လေး မင်းကားပေါ်တက်မှာလား''

ကားဆရာက စိတ်မရှည်တော့တဲ့ အသံနဲ့မေးလိုက်တယ်

". ...''

ကားဆရာရဲ့ အသံကြောင့် Asahi တစ်ယောက်လည်း အတွေးလွန်နေရာမှပြန်လည် အသက်ဝင်လာခဲ့တယ်

ထိုသူက Asahi ရှေ့မှာရပ်နေပြီး တစ်စုံတစ်ခုကို ထပ်ခါထပ်ခါ ရေရွတ်နေတယ်

". ...အော့....ဆော''

Asahi သေချာနားထောင်ကြည့်လိုက်တော့ ဂျပန်စကား မဟုတ် ကိုရီးယားစကားလို ဖြစ်နေတော့ သူသေချာနားထောင်ကြည့်တဲ့ အခါ

"ဒွန် အော့ပ်ဆော''(Trans:ပိုက်ဆံမရှိဘူး)

Asahi တစ်ယောက်

အော် သူ့မှာ ပိုက်ဆံမပါဘူးထင်တယ် ဂျပန်နိုင်ငံသားလည်း ဟုတ်မယ် မထင်ဘူး ငါပဲ သူ့အစားပေးလိုက်ပါမယ်ဆိုပြီး

"ကျွန်တော် သူ့အတွက်ပါ ပေးမယ်ဗျာ'' လို့ပြောပြီး နှစ်ယောက်လုံးကားပေါ်တက်လာခဲ့ကြတယ်

Asahi တစ်ယောက် လိုအပ်တာတွေဝယ်ပြီး အိမ်ပြန်တဲလမ်းမှာ နောက်က တစ်စုံတစ်ယောက်လိုက်လာသလို ခံစားရတယ်

Expected Unexpected Where stories live. Discover now