Ep_10

450 71 6
                                    

သိပ်မကြာလိုက်ပါဘူး Sahi နိုးလာခဲ့တယ်

"Doyoung မင်းရောက်နေတာလား Jaehyuk ကော''

"အာ...အင်... ဟိုလေ''

"သူ ကိုရီးယားကိုပြန်သွားပြီမလား''

"ဟမ် မင်းဘယ်လိုလုပ်သိနေတာလဲ''

"ဒီလိုပါပဲ ငါစိတ်ထဲထင့်နေတာ ''

"Sahi.. ''

"ငါ ဘာမှမဖြစ်ပါဘူးကွာ သူက Idol တစ်ယောက်ဆိုတော့ သူလုပ်စရာရှိတဲ့ အလုပ်တွေက ငါ့ထက်ပိုအရေးကြီးတာပေါ့ ငါနားလည်  ပါတယ်ကွာ''

"ဟာ အဲ့လို မဟုတ်ဘူး မင်း အတွေးမှားနေပြီ Sahi ရ''

Sahi ရဲ့ မျက်ရည်တွေက ရုတ်တရက်ဆိုသလို ပါးပြင်ထက်ကို စီးကျလာတယ်

Doyoung လည်း အခုချိန်မှာ နှစ်သိမ့်ပေးရုံကလွဲပြီး မတက်နိုင်ဘူးလေ

သူ Sahi ကို တင်းတင်းကျပ်ကျပ်ဖက်ထားပေးလိုက်တယ်

"အားလုံး အဆင်ပြေသွားမှာပါ Sahi ရာ ရော့ ဒီမှာ သူ မင်း အတွက် စာလေးတစ်စောင်ပေးခဲ့တယ်''

Doyoung က စာကို Sahi ရဲ့လက်ထဲကို ကမ်းပေးလိုက်တယ်

"Doyoung ရေ..ငါ့ကို တစ်ယောက်တည်းနေဖို့ အချိန်ခဏလောက်ပေးပါလား''

"အင်း''

Doyoung အခန်းအပြင်ကိုထွက်လာခဲ့တယ်

Sahi စာကို ဖွင့်ဖတ်မလို့ရှိသေးတယ် Doyoung က အခန်းထဲကို ပြန်ပြေးဝင်လာခဲ့တယ်

"Sahi. ..မင်း...မင်းးးမလန့်သွားနဲ့နော်''

". ...''

Doyoung က Sahi နဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ Tv ကို ဖွင့်လိုက်တယ်

စကရင်ပေါ်မှာ ပေါ်လာတာက သတင်းတစ်ခု
ကောင်းတဲ့သတင်းတော့ မဟုတ်ဘူး

^ရာသီဥတု အခြေအနေတစ်ခုကြောင့် ဂျပန်မှ ကိုရီးယားကိုသွားတဲ့ လေယာဥ်လိုင်းတစ်ခု အရေးပေါ် ဆင်း သက်လိုက်ရပါတယ် ထိခိုက်ဒဏ်ရာ ရတဲသူတွေလည်းရှိနေတာမလို့ သိရသလောက်ကို အချိန်နဲ့ တပြေးညီ ဆက်လက်တင်ပြပေးသွားပါမယ်^

"Sah. ...Sahi အဲ့လေယာဥ်ကလေ Jaehy. .''

To be continued. ......
Season 1 completed💙

###Extra Part###

သို့ ချစ်ရပါသောငါ့ရဲ့ Sahi လေးရေ..

အကို Sahi ကို မပြောပဲနဲ့ ထွက်သွားလိုက်ရလို့ အကို တကယ်စိတ်မကောင်းပါဘူး Sahi အနေနဲ့ အကို့ကို စိတ်ဆိုးမယ်ဆိုလည်း ဆိုးလိုက်ပါ ဒါပေမယ့် အကို့ကိုတော့ မုန်းမသွားပါနဲ့နော် အကို Sahi ကို မနှုတ်ဆက်ခဲ့ဘူးဆိုတာ ဒါဟာ အကိုနှစ်ယောက်ရဲ့ အဆုံးသတ်မဟုတ်သေးဘူးလေ အကို ကိုရီးယားရောက်ရင် Idol အပိုင်းကော သရုပ်ဆောင်တဲ့ အပိုင်းကောမှာ သေချာအောင်မြင်အောင်လုပ်မယ် Sahi လည်း အရမ်းတော်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာအောင်လုပ် တစ်နေ့ကျရင် ..အကိုတို့နှစ်ယောက်ပြန်ဆုံတဲ့တစ်နေ့ကျရင် အကို့မေးခွန်းအတွက်အဖြေကို Sahi ပြောပြဖို့အတွက် အသင့်ဖြစ်လောက်ပြီလို့ထင်ပါတယ်

Yoon Jaehyuk

:

------------------------------------
Season 2 မှာ ပြန်ဆုံကြမယ်

I treasure you 💙🔹

Teu-Bye~🇯🇵🇰🇷

Expected Unexpected Where stories live. Discover now