Ep_18

266 47 11
                                    

Sahi ပြန်နိုးလာတော့ ဘေးနားမှာ Lawoo နဲ့ Doyoung တို့ရောက်နေကြတယ်

သူတို့လည်းအကြောင်းစုံသိပြီသွားကြပြီလေ

''အကို Sahi ရေ အဆင်ပြေရဲ့လား Lawoo တို့ကို ဘာလို့မပြောပြခဲ့တာလဲဟင် အကို တစ်ယောက်တည်း အရမ်းပင်ပန်းနေခဲ့မှာပဲ''

''အေးလေ Sahi ရာ ငါတို့မင်းဘေးနားမှာ အမြဲရှိနေပေးတဲ့ဟာကို''

''ငါ မင်းတို့ကို စိတ်မပူစေချင်လို့ပါ''

''အခု ဘယ်လိုဆက်လုပ်ကြမလဲ အကို Sahi ရေ''

Sahi လည်းတကယ်တော့ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး

Sahi လည်းအရမ်းပင်ပန်းနေပြီ

ဒါပေမယ့် သူ အကို့အပေါ်ကိုတော့ လက်မလျှော့ချင်သေးဘူး

အဲ့လိုနဲ့ ဇာတ်လမ်းအတွက် Meeting ထိုင်တဲ့ရက်ကိုရောက်လာတယ်

Sahi ကအချိန်တိကျသူမလို့ ပုံမှန်ထက်စောရောက်နေတယ်

အဲ့အချိန်မှာ Sahi ဆီကို ရင်းနှီးတဲ့ ခြေလှမ်းတွေနဲ့ ရင်းနှီးတဲ့ အသံပိုင်ရှင်တစ်ယောက် လမ်းလျှောက်လာခဲ့တယ်

''Bang Yedam?''

''ဟမ် Sahi မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ''

''အဲ့တာ ငါမင်းကိုမေးရမှာ ငါက ဇာတ်ညွှန်းဆရာမလို့ရောက်နေတာ မင်းကကော''

''အာ Sahi က ဇာတ်ညွှန်းဆရာလား ကျွန်တော်က ဒီဇာတ်ကားထဲမှာ တစ်ခန်း နှစ်ခန်းပဲပါရမှာ ဒါရိုက်တာကြီးက အကူအညီတောင်းထားလို့''

''အော် ကောင်းတာပေါ့ ''

နောက်ထပ် ခြေလှမ်းတွေက Sahi ဆီကို ဦးတည်ပြီးလျှောက်လာနေပြန်တယ်

''ကြည့်ရတာ ဇာတ်ညွှန်းဆရာ ထင်တယ်ဗျ ကျွန်တော့် နာမည် Yoon Jaehyuk ပါဗျ ရှေ့လျှောက်သေချာအကူအညီတောင်းပါတယ်ဗျ''

Jaehyuk က နှုတ်ဆက်ဖို့ လက်ကိုဆန့်ထုတ်ပေးလိုက်တယ်

Sahi က Jaehyuk အသံကိုကြားလိုက်တာနဲ့ ခံစားချက်တွေ ဆို့တက်လာခဲ့တယ် မျက်ရည်တွေလည်း အလိုလိုဝဲလာတယ်

အဲ့ဒါကို Yedam က သတိထားမိတယ် တကယ်တော့ Doyoung ပြောပြထားလို့ သူလည်း အကြောင်းစုံကို သိပြီးပြီ

Expected Unexpected Where stories live. Discover now