Ep-14

322 50 0
                                    

Jaehyuk တစ်ယောက် ဖားရုပ်လေးကို သေချာကြည့်လိုက်တော့မှ ကင်မရာသေးသေးလေးတစ်ခုဖြစ်နေတာသိလိုက်ရတယ်

အဲ့တာနဲ့ Sahi က သူ့အတွက်သီချင်းလေးတွေများထည့်ပေးထားတာလားဆိုပြီး အထဲက memory card ကို ထုတ်ပြီး ဖုန်းထဲထည့်ကြည့်လိုက်တော့

စကရင်ပေါ်မှာ ပေါ်လာတဲ့အရာတွေကို Jaehyuk ကိုယ်တိုင်တောင် မယုံနိုင်ဖြစ်နေတယ်

သူတကယ်ပဲဒီလိုလုပ်ခဲ့တာလား?

Sahi အပေါ်ကို သူဒီလောက်တောင်လုပ်ရက်ခဲ့တာလား?

သူ Sahi ကိုမှတ်မိလိုက် မေ့သွားလိုက်ဖြစ်နေတာတွေကို သိသွားခဲ့ပြီ

သူအိပ်နေတဲ့အချိန်မှာ Sahi ကလာကြည့်ပေးပြီး ငိုနေခဲ့တာတွေ အားလုံးကို Yoon Jaehyuk သိသွားခဲ့ပြီ

ပါးပြင်ထက်က မျက်ရည်တွေကလည်း အဆုံးအစမဲ့ စီးဆင်းလာနေပြီ

အဲ့တာနဲ့ သူတစ်ခုခု လုပ်မှဖြစ်တော့မယ် ဒါပေမယ့် သူဒီအကြောင်းကို Sahi ကို မသိစေချင်ဘူး

Sahi ကို ဒီ့ထက်ပိုပြီး မပင်ပန်းစေချင်တော့ဘူး

အဲ့တာနဲ့ မျက်ရည်တွေကို Jaehyuk သေချာသုတ်ပြီး Sahi ကိုစောင့်နေလိုက်တယ်

ခဏကြာတော့ Sahi ရောက်လာတယ်

''Sahi ရေ''

''ကျွန်တော် နည်းနည်းနောက်ကျသွားလို့အကို ရေ ဒီနေ့မှ လူနာတွေကလည်းများ...''

Jaehyuk က Sahi ကိုဆွဲလိုက်ပြီး ရင်ခွင်ထဲထည့်ထားလိုက်တယ်

'' အကို ဘာဖြစ်လို့လဲ''

Jaehyuk က တကယ့်ကို တင်းတင်းကြပ်ကြပ်နဲ့ Sahi ကိုဖက်ထားတယ်

'' အကို ကျွန်တော် အသက်ရှူကြပ်..''

Jaehyuk က အခုမှ သတိပြန်ကပ်သွားပြီး ဖြေလျှော့ပေးလိုက်တယ်

''အကို ဘာဖြစ်တာလဲ မျက်လုံးတွေဘာလို့ဖောင်းနေတာလဲ အကိုငိုထားတာလား''

''ဘယ်ကလား အကိုမငိုပါဘူး ဆေးရုံမှာဆိုတော့ အကိုအိပ်ပဲအိပ်နေရတော့ မျက်လုံးတွေဖောင်းနေတာ''

''အကိုတကယ်ကောနေကောင်းရဲ့လား''

Sahi က Jaehyuk ရဲ့ နဖူးကို အသာလေးစမ်းကြည့်လိုက်တယ်

Expected Unexpected Where stories live. Discover now