Ep-12

373 63 10
                                    

''စီနီယာ Jihoon အခု ဘာပြောလိုက်တယ်''

Sahi တစ်ယောက် အံ့သြသွားတဲ့အသံလေးနဲ့

''ဟုတ်တယ် Yoon Jaehyuk အခု ဖြစ်နေတာက Two personality Disorder နဲ့ နည်းနည်းဆင်နေတယ် ''

Two Personality Disorder

- Yoon Jaehyuk က Yoon Jaehyuk ပဲ ဒါပေမယ့် Asahi ကို မှတ်မိတဲ့ Jaehyuk ဖြစ်လိုက် Asahi ကိုမမှတ်မိတဲ့ Jaehyuk ဖြစ်လိုက်

- ဘယ်အချိန်မှာ ဘယ်လိုပြောင်းမယ် ဆိုတာအတိတကျမရှိဘူး Jaehyuk ပေါ်ပဲ မူတည်တယ်

''စီနီယာ Jihoon သူဘယ်အချိန်လောက်ပြန်ကောင်းလာနိုင်မလဲ''

''Sahi မင်းက သူ့ဘေးနားမှာရှိနေ​ပေးတာဆိုတော့ သိပ်မကြာလောက်ဘူးထင်တာပဲ အတိအကျပြောလို့မရဘူး လူနာအပေါ်လည်းမူတည်သေးတယ်''

''အာ ဟုတ်လား''

Sahi အကြောင်းစုံကိုသိပြီးနောက် Jaehyuk ရဲ့ အခန်းဘက်ကိုပြန်လျှောက်လာခဲ့တယ်

အခန်းတံခါးဖွင့်လိုက်တော့ အထဲမှာ Jaehyuk ရဲ့ အဖေနဲ့ အမေတို့ရောက်နေကြတယ်

Jaehyuk ရဲ့ မေမေက Sahi ကို အပြေးလေးလာဖက်လိုက်တယ်

''ကျေးဇူးတင်လိုက်တာ Sahi ရယ် အားလုံး သားကျေးဇူးတွေပါ အန်တီ့သားလေးကို သေချာဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်''

"ရပါတယ် အန်တီရဲ့ ဒါက ကျွန်တော်လုပ်သင့်တဲ့အရာပဲဟာကို ''

''လာ လာ Jaehyuk လေးနိုးနေပြီ သူက Sahi ကိုလွမ်းနေမှာ မြန်မြန်လာ''

Jaehyuk ရဲ့ မေမေရဲ့ Sahi ရဲ့ လက်မောင်းလေးကို အသာအယာဆွဲပြီး Jaehyuk ရှေ့ခေါ်သွားတယ်

Jaehyuk က Sahi ကိုတွေ့တွေ့ချင်း

''ဆရာဝန်လေး မင်္ဂလာပါ''

Sahi စိတ်ထဲက သိလိုက်တယ် အခုက Sahi ကို မမှတ်မိတဲ့ Jaehyuk ဆိုတာ

Jaehyuk ရဲ့အမေက အံ့သြသွားတဲ့အကြည့်တွေနဲ့

''အံမယ် Jaehyuk သားလေး မင်းအခုမှ ဆရာဝန်လေးတွေ ဘာတွေဟန်ဆောင်မနေနဲ့ Lawoo ပြောပြလို့ မေမေ အကုန်သိပြီးပြီ မေမေသဘောတူပြီးသား'' ဆိုပြီး

Sahi ရဲ့ လက်ကိုယူပြီး Jaehyuk ရဲ့ လက်ပေါ့ထပ်ပေးလိုက်တယ်

ဒီခံစားချက်က ဘယ်လိုရှင်းပြရမှန်းမသိပေမယ့် Jaehyuk အတွက်တော့ အရမ်းရင်းနှီးနေတဲ့ ခံစားချက် အရမ်းနွေးထွေးတဲ့ခံစားချက်

Expected Unexpected Where stories live. Discover now