Ep-16

305 54 21
                                    

သရဲအိမ်ထဲကို စဝင်တော့ Sahi နဲ့ Jaehyuk တို့ တွဲလက်လေးတွေမြဲလို့

ဝင်ပေါက်နားမှာ အဲယားကွန်းလေးမှုတ်ထားတာကို Jaehyuk က

''အားးးးးးးးးး''

''အကို ဘာဖြစ်တာလဲ''

''ဟီး ဟီး အကိုလန့်သွားလို့ ဘာမှမဟုတ်ဘူး လာ ဆက်သွားကြမယ်''

အထဲကိုဆက်ဝင်ရင်းနဲ့
Jaehyuk ပခုံးပေါ်ကို သရဲခေါင်းကြီးပြုတ်ကျလာတယ်

''အားးးးး Sahi ရေကယ်ပါအုန်း''

Hamada Asahi ကတော့ Poker Face ကြီးနဲ့ တုတ်တုတ်မှမလှုပ်

Jaehyuk ကတော့ Sahi ကျောပေါ်တက်ပြီး Sahi ကို အသားကုန်ဖက်ထားတယ်

''အကိုက ကလေးလား ဒါက အစစ်မှမဟုတ်တာ သရဲဆိုတာ တကယ်မရှိဘူး လာ ကျွန်တော့်နောက်ကလိုက်ခဲ့ အကို့ကို ကျွန်တော် ကာကွယ်ပေးမယ်''

Jaehyuk စိတ်ကူးယဥ်ထားသမျှအကုန်ပြောင်းပြန်တွေဖြစ်ကုန်ပြီ

သူက Sahi ကိုကာကွယ်ပေးပြီး Sahi ရှေ့မှာ သူရဲကောင်းကြီးလိုလုပ်ချင်ပေမယ့် အခုတော့ ယုန်လေးတစ်ကောင်လိုမျိုးဖြစ်သွားခဲ့ပြီ

အဲ့ဒါနဲ့ သရဲအိမ်အပြင်ဘက်ရောက်တော့

''သရဲအိမ်ထဲမှာ အကိုလန့်နေတာလေးက ချစ်စရာလေး ကလေးလေးလိုပဲ''

''Sahi ကလည်း အကိုတို့ အဲ့အကြောင်းထပ်မပြောကြေး Sahi ဘာစားမလဲ ''

''ရေခဲမုန့်စားချင်တယ်''

''ဒီမှာ ထိုင်စောင့်နေ အကိုသွားဝယ်ပေးမယ် မကြာစေရဘူး''

သိပ်မကြာပါဘူး Jaehyuk ရေခဲမုန့်လေးနှစ်ခုကိုင်ပြီး အပြေးလေးပြန်ရောက်လာတယ်

''Sahi အတွက် စတော်ဘယ်ရီအရသာ အကိုက ချောကလက်စားမယ်''

ခုံတန်းလေးမှာ နှစ်ယောက်သားရေခဲမုန့်စားနေရင်း Jaehyuk ကရုတ်တရက်

''ဟီး ဟီး''

''ဟမ် အကို ဘာတွေရယ်နေတာလဲ''

'' ​​ရေခဲမုန့်စားတာနဲ့ ပတ်သတ်ပြီး အကိုကြည့်ဖူးတဲ့ ဇာတ်ကားလေးအကြောင်းသတိရမိသွားလို့''

''ဟင် ဘာဇာတ်ကားလဲ''

''သိချင်လား''

''ဟုတ်''

Expected Unexpected Where stories live. Discover now