Ep_6

431 71 2
                                    

"ခင်ဗျားကြီး ကျနော့်လက်ကို လွှတ်''

အပြင်ရောက်တော့မှ Asahi ရဲ့လက်ကို Jaehyuk လွှတ်ပေးလိုက်တယ်

"ခင်ဗျား ဒါဘာလုပ်တာလဲ နာတယ်ဗျ ဒီမှာကြည့်အုန်း လက်တွေနီရဲ နေပြီ''

ဟုတ်ပါရဲ့ သေချာကြည့်လိုက်တော့မှ Asahi ရဲ့ လက်ကလေးတွေက ရဲနေတာပဲ

"ဟာ အကိုတောင်းပန်ပါတယ်'' ဆိုပြီးတော့

Asahi ရဲ့လက်ကို အသာလေးပြန်ဆွဲယူပြီး

"Sahi ရဲ့ လက်နုနုလေးကို နာအောင်လုပ်မိလို့ အကိုတောင်းပန်ပါတယ်နော်''

"ခင်ဗျားကြီး စကား လမ်းကြောင်းမလွဲနဲ့ ဘာကိစ္စ ကျနော့်ကို ဆွဲခေါ်လာရတာတုန်း''

"ဟို....အမ်....ဟိုဟာလေ အကို ဗိုက်ဆာလို့ပါ''

"ဘာ... ဘာပြောတယ် ခင်ဗျား ဗိုက်ဆာတာနဲ့ပဲ...''

"လာပါ Sahi ကလည်း မိုးချုပ်နေပြီပဲကို အိမ်ပြန်ရအောင်လေနော်''

အိမ်ပြန်တဲ့ လမ်းတစ်လျှောက်က တိတ်ဆိတ်မှုတွေနဲ့ ပြည့်နှက်နေတယ်

Asahi ကလည်း စကားတစ်ခွန်းမှ မပြောသလို Jaehyuk ကလည်းစကားမစရဲဘူး
Asahi စိတ်ဆိုးသွားတာသူသိနေတယ်လေ

ညနေစာ စားပြီးတဲ့အထိ နှစ်ယောက်သား ဘာစကားမှမပြောကြဘူး

Asahi ပန်းကန်တွေ သိမ်းနေတုန်း Jaehyuk ကအနောက်ကနေလာပြီးတော့ Asahi ရဲ့ပခုံးပေါ်ကို မေးလေးတင်လိုက်တယ်

"အကို တကယ်တောင်းပန်ပါတယ် Sahi ရာ အကို့ကို စကားမပြောပဲ မနေပါနဲ့နော် အကို တကယ်မနေတတ်လို့ပါ''

Asahi တစ်ယောက် နည်းနည်းစိတ်ပြေသွားသလိုရှိပေမယ့် ဆက်ပြီးမူနေလိုက်တယ်

"ခင်ဗျား အိပ်ရင် အိပ်နှင့်တော့ ကျနော် စာလုပ်အုန်းမှာ''

Asahi က လှည့်တောင်မကြည့်ပဲ ပြန်ဖြေလိုက်တော့ Jaehyuk က သူနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်တယ်

ပြီးတော့ သူ့ရဲ့ ရင်ခွင်ထဲကို Asahi ရဲ့ ခေါင်းလုံးလုံးလေးကို ထည့်ပြီး ဖက်ထားလိုက်တယ်

"ကဲ စိတ်မဆိုးနဲ့တော့နော် အကိုက အကို့ရဲ့ fan တွေကိုတောင် ဒီလို Hug service မပေးဘူးနော် အခုက Sahi စိတ်ဆိုးနေလို့ အကိုကလုပ်ပေးတာ''

Expected Unexpected Where stories live. Discover now