Ep _ 20

481 62 1
                                    

''Ding dong ding dong''

Jaehyuk ရဲ့အိမ်မှာ မနက်အစောကြီး တံခါးဘယ်လ်တီးသံနဲ့ ဆူညံနေတယ်

''ဘယ်သူပါလဲ''

''ပါဆယ်လာပို့တာပါ''

''ဟမ် ငါလည်းမှာထားတာမရှိပဲနဲ့''

Jaehyuk ပါဆယ်ကို လက်ခံလိုက်ပြီး အထဲကိုဖွင့်ကြည့်လိုက်တော့ စာအုပ်လေးတစ်အုပ်
နဲ့ ဇာတ်ညွှန်းစာအုပ်လေးတစ်အုပ်

''ဟမ် ဘာကြီးလဲ ဇာတ်ကားအသစ်လား''

Jaehyuk စာကြောင်းတွေကိုသေချာဖတ်ကြည့်တော့ သူအခုရိုက်နေတဲ့ ဇာတ်ကားထဲက စာသားတွေ

''ဟမ် ဒါတွေက ငါအခုရိုက်နေတဲ့ဇာတ်ကားထဲကလေ ပြီးတော့ ''

စာရွက်ထောင့်လေးမှာရေးထားတာက

( အကို Jaehyuk တစ်ယောက်တည်းအတွက်

Sahi မှ အထူးရေးပေးထားသည်)

'' ဒါဆို ဒီဟာက ငါ့အတွက်ဆိုတော့ ဒါက ငါနဲ့ Sahi ရဲ့အကြောင်းတွေလား''

''သေချာပြန်စဥ်းစားတော့မှ  သူရိုက်နေတဲ့ဇာတ်ကားက Japan မှာ စတာဆိုတော့ ငါက Sahi နဲ့ ဂျပန်မှာ စတွေ့ခဲ့တာလား''

ပြီးတော့ နောက်စာအုပ်တစ်အုပ်ကို Jaehyuk ဖွင့်ဖတ်လိုက်တယ်

''ဟာ ဒီထဲမှာ ဓာတ်ပုံတွေကော စာတွေလည်းပါတယ်''

Jaehyuk ရဲ့မှတ်ဉာဏ်ကတော့ ဘာကိုမှမမှတ်မိပေမယ့် သူ့ရဲ့နှလုံးသားကတော့ မှတ်မိနေလို့ နာကျင်နေရပြီ

မျက်ရည်တွေက Jaehyuk ဆီက ခွင့်ပြုချက်မတောင်းပဲ ပါးပြင်ထက်ကို အလိုလို စီးကျလာတယ်

''ဒါဆို ငါက အတိတ်မေ့နေတာလား''

''Sahi က ငါ့ရဲ့ ကောင်လေးပေါ့''

''ငါ ဘာတွေလုပ်မိပြီလဲ''

ချက်ချင်းပဲ Lawoo ဆီကို ဖုန်းဆက်လိုက်တယ်

''ဘယ်မှာလဲ Sahi ဘယ်မှာလဲ''

''လေဆိပ်မှာလေ''

''ဘာ...''

''ဒါနဲ့ အကို...''

Jaehyuk ချက်ချင်းပဲ ဖုန်းချပြီး လေဆိပ်ကိုလိုက်သွားတယ်

လမ်းမှာ Sahi ဆီကို ဖုန်းလှမ်းခေါ်လိုက်တယ်

''ကိုင်ပါကွာ ငါမေးချင်တာတွေရှိသေးတယ် လုပ်ပါ''

Expected Unexpected Where stories live. Discover now