Ep-11

377 62 9
                                    

In KOREA~

"ဟိုမှာ လာနေပြီ အိုင်းယား''

ကောင်မလေးအုပ်စုတစ်သိုက် သဲသဲလှုပ်ဖြစ်နေလေရဲ့

"ဟိုမှာ ဟိုမှာ အချစ်တွေ အကုန်ယူမယ့် မင်းသားလေး ကင်ဂျွန်ကယူလာနေပြီ''

အဝေးကိုကြည့်လိုက်တော့ ဂျူတီကုတ် အဖြူရောင်လေးဝတ်ပြီး ကုတ်ကုတ်ကုတ်ကုတ်နဲ့ လမ်းလျှောက်လာတဲ့ကောင်လေးတစ်ယောက်

"ကျွန်တော့်ကို နည်းနည်းလောက်ဖယ်ပေးလို့ရမလား ကျွန်တော်လူနာကြည့်ရအုန်းမှာမလို့ ''

Kim Junkyu

- ထီမဲ ဆေးရုံ ( Teume Hospital ) မှာ အလုပ်လုပ်နေတဲ့ အလုပ်သင်ဆရာဝန်တစ်ယောက်
- ရုပ်ရည်ရူပကာ ဘာမှပြောစရာမလိုတဲ့အပြင် ချစ်ဖို့ကောင်းမှုတွေပါ ထပ်ပေါင်းထားတော့ ဆေးရုံကို လာသမျှလူတွေရဲ့ အကြည်ဓာတ်လေး

အခုလည်း ထုံးစံအတိုင်း မနက်အလုပ်လာချိန်ဆို စောင့်နေတဲ့သူတွေက တန်းစီနေ

ထီမဲ ဆေးရုံရဲ့ ပန်းလေးတစ်ပွင့်ပေါ့

လမ်းဖယ်ပေးတော့မှ Junkyu တံခါးဖွင့်ပြီး လူနာခန်းထဲဝင်လာခဲ့တယ်

"အချိန်မှန်ပဲနော်''

"ကင်ဂျွန်ကယူပဲလေ မှန်ရမှာပေါ့''

"မင်းကိုပြောတာမဟုတ်ဘူး အပြင်မှာမင်းကိုစောင့်နေတဲ့သူတွေကိုပြောတာ''

"အံမယ် သူများကိုပဲပြောရတယ် ရှိသေး Sahi မင်းကရော အချိန်မမှန်လို့လား ငါ့ထက်တောင်စောပြီး Yoon Jaehyuk ဆီရောက်နေတာမဟုတ်ဘူးလား ပြီးတော့လည်း တစ်နှစ်တောင်ရှိပြီ တစ်ရက်မှမပျက်ဘူး အချိန်မှန်ပဲ''

ဟုတ်ပါရဲ့ တစ်နှစ်ဆိုတဲ့အချိန်ကာလကလည်း မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်လိုကုန်လို့ကုန်သွားမှန်းမသိခဲ့ဘူး

"Sahi ငါ Yoon Jaehyuk ကိုဆေးစစ်ပေးလိုက်အုန်းမယ် မင်းလည်းသွားနားလိုက်အုန်း''

"အေး...အေး''

တစ်နှစ်ကြီးများတောင်ရှိပြီ အခုထိ Jaehyuk တစ်ယောက် သတိပြန်မရလာသေးဘူး

ဒါပေမယ့် Sahi ကတော့ သူကျိန်းသေ သတိပြန်ရလာမှာပါဆိုပြီးစောင့်နေတုန်းပဲ

Expected Unexpected Where stories live. Discover now